12

1.9K 149 4
                                    

Unicode

အိမ်ကြီးတအိမ်လုံး အပ်ကျသံတောင်မကြားရတာမို့ အိမ်ထဲဝယ် လူရှိတယ်လို့တောင်မထင်ရပါ။ ဧည့်ခန်းက စားပွဲခုံရဲ့တဖက်တချက်ဆီမှာ လူသုံးယောက် မျက်နှာချင်းဆိုင်ထိုင်ဖြစ်ရင်း ဂျွန်ကတော့ ခေါင်းငုံ့နေတော့သည်။ Anthony ကမျက်နှာပျက်နေပေမယ့် လူကြီးမို့ အိန္ဒြေနဲ့ မျက်နှာကိုပြန်လည်တည်တင်းထားသည်။

' အဲ့ဒီတော့ ဆိုလိုချင်တာက...အန်ကယ်တို့ဘက်ကလက်လျော့ပေးဖို့ပေါ့ '

' ဟုတ်ပါတယ် အန်ကယ် ဒီလိုပြောဖို့ ကျွန်တော် စိတ်ကိုထပ်တလဲလဲ စဉ်းစားခဲ့ရပါတယ် '

ကာရိုလိုင်းနဲ့ လက်ထပ်ဖို့ ကိစ္စကို လက်လျော့ပေးဖို့ရာ ဂျွန် ဒီကိုရောက်နေခြင်းဖြစ်သည်။ မနေ့က နှစ်ယောက်သား ညသန်းခေါင်းယံထိ ငိုကြွေးပြီးနောက် တစ်ဉီးသဘောထား တစ်ဉီး အပြန်အလှန် ဆွေးနွေးခဲ့တယ်။ ကာရိုလိုင်းဟာ လက်ထပ်ဖို့ကိုယ်တိုင်ကတိပေးခဲ့တာမို့ Anthony ကိုရင်ဆိုင်ဖို့ရာ အင်မတန် ရှက်ရွံ့တာမို့ ဂျွန်က လာရောက်တောင်းဆိုရခြင်း။ မေဘယ်လ်ကိုတော့ သူကိုယ်တိုင်ပြောပါမယ်တဲ့လေ။

ပြန်လည်တိတ်ဆိတ်သွားတဲ့စကားဝိုင်းကြား မနေချင်တော့လောက်အောင် ထွက်ပြေးချင်မိတာအခါခါ။ လည်ပင်းနဲ့နားထင်နားမှာချွေးပေါက်လေးတွေ ထွက်လာပြီး အငွေ့ပါပြန်ချင်လာသည်။ မျက်နှာချင်းဆိုင်မှ lucy ဆိုတဲ့ကောင်မလေးဟာ သူမအောက်နှာခမ်းကို ခပ်ကြမ်းကြမ်းဖိကိုက်ထားပြီး စူးရဲစွာကြည့်နေတာ ဝါးစားမတတ်။

' ဒီမှာ '

'ဟုတ်ကဲ့ '

' ကာရိုလိုင်းက ကျွန်မနဲ့အစထဲက လက်ထပ်ဖို့စီစဉ်ထားတာမသိတာလား ဒါမှမဟုတ် သိရဲ့နဲ့ ကျွန်မဆီက လုယူတာလား '

နေပါအုံး။ လုယူရအောင် ကာရိုလိုင်းက နယ်ရုပ်လေးတစ်ခုမဟုတ်။ ကိုယ်ပိုင်ဆုံးဖြတ်ချက်နဲ့ ကိုယ်ပိုင်နှလုံးသား ရှိတဲ့လူတစ်ဉီးပါ။

' ကာရိုလိုင်းက ကိုယ်နဲ့တွဲနေစဉ်မှာ ဒီက lucy နဲ့ ပတ်သက်နေတာကိုတစွန်းတစတောင် မဖော်ပြခဲ့ပါဘူး နောက်ပြီး လက်ထပ်ထားကြတာမှမဟုတ်ပဲ လုယူတယ်ဆိုတဲ့စကားကို အပြတ်အသတ် ငြင်းပါတယ်'

Midnight Rain (KOOKV)Where stories live. Discover now