အပိုင်း (2.2)

1.3K 196 0
                                    

(2.2) ပါးရိုက်ခြင်း

ကံကောင်းစွာ နဲ့ပဲ အဲ့တာ က အလုပ် ဖြစ်လေတယ်။

ကျင်းထန် ရဲ့ လှုပ်ရှား မှုတွေ နောက် ကို လိုက်ရင်း နန်ဟွေး ရဲ့ အသက်ရှုသံ တွေက ပိုပြီးတော့ တည်ငြိမ် လာခဲ့လေတယ်။ ဒါပေမယ့် သူ့မျက်နှာ နဲ့ ခန္ဓာကိုယ် ပေါ်က အနီရောင် ဒီရေ လို မျိုး ကတော့ လုံးဝ ကို လျော့ပါးသွား မယ့် အရိပ်အယောင် မျိုး ရှိမနေ ပါပေ။

ကျင်းထန် က မျက်မှောင် ကြုတ်လိုက်တယ်။ ဒါက နန်ဟွေး ရဲ့ ရောဂါလက္ခဏာ တွေကို တစ်ခဏသာ ယာယီ ထိန်းထား ပေးနိုင်တာ မျိုး ဖြစ်ပြီးတော့ အမြစ်ပျက်အောင် လုပ်လို့ မရနိုင်ဘူး ဆိုတာကို ကျင်းထန် သိလေတယ်။

တကယ်လို မိတ်လိုက်ကာလ က ဒီလောက်အထိ ဖိနှိပ်ဖို့ ရိုးရှင်း လွယ်ကူတယ် ဆိုရင် အဲ့တာ ကို ဖိနှိပ်ထား ဖို့ အထူးဆေးဝါး တွေ ဖော်နေ စရာကို မလိုတော့တာ လေ။

သူက ထလိုက် ပြီးတော့ သူနဲ့ အတူ အမြဲတမ်း ဆောင်ထားတဲ့ ဆေးကို ယူလိုက်ကာ အိပ်ယာပေါ် က လူကို ရေနဲ့ သောက်ချ လိုက်ဖို့ ချော့မော့ နေခဲ့ လေတယ်။

ကြည့်ရတာ ဆေးရဲ့ ခါးသီး တဲ့ အရသာ ကို မကြိုက်တဲ့ အတွက်ကြောင့် နန်ဟွေး ရဲ့ မျက်နှာ သေးသေးလေး က ရှုံ့မဲ့ သွားလေတယ်။

သီအိုရီ အရ ပြောရရင် ထိုးဆေး က ပိုပြီးတော့ မြန်မြန်ပဲ အကျိုး သက်ရောက်မှု ပိုမြန်တယ် လို့ ပြောလို့ ရလေတယ်။

ဒါပေမယ့် အချိန်တွေ ကုန်ဆုံး သွားတာ နဲ့အမျှ ကျင်းထန် က မျက်မှောင် ကြုတ်လာ ခဲ့လေတယ်။ သူစောင့်ကြည့် နေတဲ့ အချိန်အတွင်း မှာပဲ နန်ဟွေး ရဲ့ ရောဂါ လက္ခဏာ က ပျောက်ကွယ် သွားတာ မျိုး တွေ မရှိခဲ့ ပါပေ။

တစ်ခဏလောက် တုံ့ဆိုင်း နေပြီးတဲ့နောက် ကျင်းထန် က တစ်စုံ တစ်ယောက် ရဲ့ ဖုန်းကို ခေါ်လိုက် လေတယ်။

တစ်ခြား တစ်ဖက် ဆီ ဖုန်းချိတ်မိ သွား ပြီးတဲ့နောက် တစ်ဖက် က လူ က အမြန့ပဲ ဖုန်းဖြေ လာခဲ့လေတယ်။

'' မစ္စတာ ကျင်း ဘက်ကနေ စတင်ပြီးတော့ ငါ့ဆီကို အရင်ဖုန်းခေါ်တယ် ဆိုတာ အတော်လေး ကို ရှားပါးတာကို ''

ယုန်လေး က သားပေါက်လေးကို ပျိုးထောင်ဖို့ မတက်နိုင်ဘူး [BL] Where stories live. Discover now