အပိုင်း (17.2)

414 54 0
                                    

(17.2)

နန်ဟွေး က အခုချိန် အိမ်မှာ အားယား နေတာ ဖြစ်ပြီးတော့ မြေခွေးလေး ရဲ့ မေမေ ကပဲ သူ့ကို ဒေါက်တာ ခုန်းနဲ့ ပဲ မိတ်ဆက် ပေးခဲ့တာ ဖြစ်လေတယ်။

သူလုပ်ပေး ရမှာနဲ့ အဲ့တာကို နှိုင်းယှဥ် ကြည့်မယ် ဆိုရင် အခု ကိစ္စ က ဘာမှ ပြဿနာ အကြီး ကြီး မဟုတ် ပါပေ။

ဒါကြောင့် နန်ဟွေး က ဖုန်းထဲ မှာ တင် လစာ အကြောင်း ကို အမြန်ပဲ ငြင်းပယ် လိုက်လေတယ်။

ဒါ​ပေမယ့် လည်း ဝမ်မို က အရမ်း ကို တိုက်တွန်း နေပြီးတော့ ဝမ်ဟန် ကလည်း လစာ ကို လက်ခံ ဖို့ ပြောလာလေတယ် ။ ပြီးတော့ သူ့အမေ မှာ က ငွေမပြတ် တဲ့ အကြောင်းနဲ့ နန်ဟွေး ရဲ့ကူညီမှု က သူမ အတွက် ငွေတွေ အများကြီး ကယ်ဆယ် ပေးနိုင်တာ ကြောင့် ထိုက်တန် ကြောင်း ကိုလည်း ပြောလာ ခဲ့လေတယ်။

နန်ဟွေး က ဝမ်မို ရဲ့ နူးညံ့ပြီး မာကျောတဲ့ စကားလုံးတွေကို မခုခံ နိုင်တော့ တဲ့ အတွက်ကြောင့် နောက်ဆုံးမှာတော့ သူက သဘောတူ လိုက်ရ တော့လေတယ်။ ဖုန်းလည်း ချ ပြီးရော နန်ဟွေး က အမြန်ပြေး သွားကာ ဝမ်ဟန် ကို ပွေ့ဖက် လိုက်လေတယ်။

''​ မြေခွေးလေး ကျေးဇူး တင်ပါတယ်။ တကယ်လို့ မင်းနဲ့ အန်တီ တို့ကြောင့်သာ မဟုတ်ရင် ငါက ဒီလိုမျိုး လုပ်ပေးလို့ ရတဲ့ လူ တစ်ယောက် ဖြစ်တယ် ဆိုတာကို ငါ သိတောင် သိခဲ့မှာ မဟုတ်ပါဘူး။ ''

ဝမ်ဟန် က ပြုံးလိုက်ကာ နန်ဟွေးကို သူ့ရဲ့ ကိုယ်ပေါ် ကနေ ပြန်ဆွဲခွာ လိုက်ပြီး ကြည့်လိုက် လေတယ်။

'' မင်း ငါ့ကို အရမ်းကြီး စောပြီး ကျေးဇူး တင်မနေနဲ့ အုံး ။ ဒီနေ့ နေ့လည်ခင်း ငါတို့ လုပ်စရာ ရှိတဲ့ အရေးကြီး ကိစ္စ တစ်ခု ရှိသေးတယ်လေ။ မေ့သွားပြီလား ''

သေချာတာပေါ့ ။ ဒီနေ့က သူ့ကို ဆေးရုံစီ လာပြီး စစ်ဆေးမှု ပြုလုပ်ဖို့ အတွက် ဒေါက်တာ ခုန်း က ရက်ချိန်း ပေးထားတယ် ဆိုတာကို နန်ဟွေး တစ်ယောက် ဘယ်လိုလုပ် မေ့မှာ တဲ့လဲ။

နောက်ဆုံး တစ်ခေါက် က ခုန်းယင် ပြောလိုက်တဲ့ စကားကို ပြန်တွေး မိတော့ နန်ဟွေး က အနည်းငယ် စိတ် လှုပ်ရှား ပူပန် နေမိတယ်လေ။

ယုန်လေး က သားပေါက်လေးကို ပျိုးထောင်ဖို့ မတက်နိုင်ဘူး [BL] Where stories live. Discover now