အပိုင်း (16.1)

309 44 0
                                    

(16.1) ခြေတစ်လှမ်းသာ ကွာဝေးသော

ရိုက်ကူးရေး ရဲ့ နောက်ဆုံ ရက်အတွက် လုပ်ငန်းဆောင်တာ ကတော့ ဘရန်းဘက် ကနေ နောက်ဆုံး သုံးသပ်ချက် ကို စောင့်ရမှာ ဖြစ်ကာ လိုအပ်ရင် အနည်းငယ် ပြုပြင် ပြောင်းလဲ တာတွေ လုပ်ပေး ရမှာသာ ဖြစ်လေတယ်။

ဒါကြောင့် မနက်ခင်းပိုင်းမှာ ဆောင်ရွက် ပြီးသွားလေတယ်။ နန်ဟွေး က နေ့လည်စာ စားချိန် ရောက်တဲ့ အတွက် ကန်တင်းကို  တစ်ခြား အဖွဲ့သား တွေနဲ့  ထမင်း အတူ စားဖို့ သွားခဲ့ လေတယ်။ ထိုအချိန်မှာပဲ သူက ချုအန်း နဲ့ ထပ်ပြီး ဆုံ ပြန်လေတယ်။ ထို့အတွက်ကြောင့် သူတို့က တစ်ဝိုင်းထဲ အတူတူ ထိုင်ကာ စားသောက် ကြတော့ လေတယ်။

အနုပညာ လောက က အရမ်းကြီး လည်း မကျယ် သလို အရမ်းကြီး လည်း မသေး ပါပေ။ ပြီးတော့ အတွင်းပိုင်းက  သတင်းတွေ ကောလ ဟာလ တွေ ဆိုရင် ပျံ့ နှံ့တာ အရမ်းကို မြန်ပါတယ်။

မိန်းမငယ်လေး တွေ က သူတို့ဘေး က ဝိုင်းမှာ အတူတူ စုစား ပြီးတော့ နောက်ဆုံးပေါ် အတင်းအဖျင်း တွေကို ပြောနေ ကြတယ်လေ။

'' နင်တို့တွေ ဒါရိုက်တာ ချန်း အကြောင်း ကြားပြီး ကြပြီလား? ''

တစ်ယောက် က အသံ တိုးတိုးလေး နဲ့ မေးလိုက်လေတယ်။

'' ငါလည်း အဲ့ အကြောင်းကို ကြားပြီပြီ။သူက ရုတ်ချည်းပဲ ကြောင်တောင်တောင် ဖြစ်သွား ပြီးတော့ ရိုက်ကူးရေး တောင် ရပ်ပစ်လိုက်ပြီတဲ့။ ​အမွှေးနံ့သာတွေ ထွန်းပြီးတော့ နေ့တိုင်း ဘုရား ထံ ဝတ်ပြု နေသတဲ့လေ။ ပြီးတော့ လည်း မကောင်းဆိုးဝါး ဝိဉာဥ်ကို မကပ်နိုင်တဲ့ အဆောင် လက်ဖွဲ့ လုပ်ပေးမယ့် ဆရာသခင် ကိုတောင် ရှာနေ သတဲ့ ။ အခုတော့ ဒီနယ်ပယ်မှာ သူက ဟာသ လုံးလုံးကြီး ကို ဖြစ်လို့ ''

'' အို ၊ သူက အစကတည်းက မကောင်းတဲ့ ဂုဏ်သတင်း ရှိနေ တာကို။ ငါ့အမ ပြောတာ ကတော့ သူက နာမည် မကြီးသေးတဲ့ ကြယ်ပွင့်လေး တွေကို မပြောအပ်တဲ့ စည်းမျဥ်းတွေ မကြာခဏ လုပ်လေ့ ရှိတယ်တဲ့လေ။ ဒါက မကောင်းတာ လုပ်လို့ မကောင်းဆိုးဝါး က သူ့စီ လာတာ ပေါ့ ''

''ငါလည်း သဘောတူတယ် ။ သူ့ကို တိုင်ကြား တုံးကတောင် ဘာမှ သူက မဖြစ်သွားဘူး ။ အခုလို ဖြစ်သွားတာ ကတော့ တကယ်ကိုပဲ စိတ်ကျေနပ်စရာ ကောင်းတာ ပဲ ''

ယုန်လေး က သားပေါက်လေးကို ပျိုးထောင်ဖို့ မတက်နိုင်ဘူး [BL] Tempat cerita menjadi hidup. Temukan sekarang