အပိုင်း (21.1)

348 46 0
                                    

(21.1) ကလေး ပေါက်စ အဝတ်အစား

ကျင်းရွေ့ က ဒီရက်ပိုင်း တွေမှာ အနည်းငယ် ဝမ်းနည်း နေခဲ့လေတယ်။

သူမ က ကျင်းထန် ရဲ့ အတွင်းရေးမှုး တစ်ယောက် ဖြစ်ပြီးတော့ တစ်ခြားလူ တွေက သူမကို တိတ်တိတ်လေး ကြိတ်ပြီး မနာလိုနေ ကြတယ် ဆိုတာကို သိလေတယ်။

အကုန်လုံး ထဲမှာတော့ ကျင်းထန် က စံပြုစရာ ကောင်းလောက်တဲ့ သူဌေး တစ်ယောက် ပဲလေ။

အနည်းဆုံးတော့ သူက အခုချိန်ထိ သူမ အရမ်း အခက်အခဲ ဖြစ်အောင် လုပ်တာ မျိုးတော့ မရှိဘူးလေ။ ဒါကြောင့် ကျင်းရွေ့ တစ်ယောက် သူမရဲ့ အရင်ဘဝ အဆက်ဆက်က ပြုခဲ့တဲ့ ကုသိုလ်တွေကြောင့် ဒီ လို သူဌေးနဲ့ တွေ့ခဲ့ ရတယ်ဆိုပြီး ဝမ်းသာ မိနေ သေးတယ်။

ဒါပေမယ့် အခု တစ်လော သူမ သူဌေး ကျင်းထန် ရဲ့ အမူအရာ အကျင့် တွေက အရမ်းကြီး မူမမှန်တာ မျိုးတွေ ဖြစ်လာခဲ့တယ်လေ။

တစ်ခါမှ မလုပ်ဘူးတဲ့ အရေးကြီးပါတယ် ဆိုတဲ့ အစည်းအဝေး ပွဲ ကနေ ရုတ်တရက်ကြီး ထွက်သွား ပြီးတော့ သောက တွေ အများကြီး နဲ့ ပြန်လာခဲ့တယ်လေ။ နောက် သိပ်မကြာခင် မှာပဲ သူမ ကို နို့လက်ဖက်ရည် လုပ်နည်း မေးလာ ပြန်ရောလေ။

ရက်အနည်းငယ်လောက် ပုံမှန် အတိုင်း ဖြစ်ပြီးတဲ့ နောက်ကျတော့ လည်း ကျင်းထန် က သူ့ရဲ့ အလုပ်တွေ အကုန်လုံးကို ပစ်ချ ထားခဲ့ ပြီးတော့ ပျောက်သွား ပြန်ရောလေ။

သူမ က သူမ ဘော့စ် နဲ့ ပတ်သက်ပြီး တစ်စုံ တစ်ခုတော့ မှားနေပြီ ဆိုတာကို သူမ သိမိပေမယ့်လည်း သူမ ဘော့စ်ရဲ့ ဘေးနားမှာ တစ်စုံ တစ်ယောက် ကိုလည်း သူမ မမြင်မိ ခဲ့ဘူးလေ။

တွေးတော နေရင်းနဲ့ ကျင်းရွေ့ က သူမ ပြန်စစ်ဆေး စရာ စီစဥ်စရာ ရှိတဲ့ စာချုပ်စာတမ်း တွေကို ပြန်စီ နေခဲ့လေတယ်။ ပြီးတော့ လက်မှတ်ထိုး စရာ ရှိတာ ထိုးပြီးတဲ့နောက် သူမက အဲ့တာ တွေကို ရုံးခန်း ထဲ သယ်လာ ခဲ့လေတယ်။

'' မစ္စတာ ကျင်း ၊ ဒါတွေက ဒီနေ့ ရှင် စစ်ဆေး ရမှာက ဒီဟာတွေပါ။ ''

ကျင်းရွေ့ က စာချုပ်စာတန်း တွေကို စားပွဲခုံထောင့် နားလေး မှာပဲ ချထား လိုက်ပြီးတော့ ထွက်သွား ဖို့ ပြင်လိုက် လေတယ်။

ယုန်လေး က သားပေါက်လေးကို ပျိုးထောင်ဖို့ မတက်နိုင်ဘူး [BL] Where stories live. Discover now