အပိုင်း (7.2)

701 101 0
                                    

(7.2) အနက်ရောင် ရှပ်အင်္ကျီ

ဝမ်ဟန် က ကျင်းထန် ရဲ့ လက်တလော ခရီးစဥ်ကို  လိုအပ်တာ ကြောင့် တိတ်တိတ် လေး စုံစမ်း ခဲ့ လေတယ်။ ပြီးတော့ ကျင်းထန် က ဒီရက်တွေမှာ ဟော်တည် ကို လာကာ အနားယူဖို့ အစီအစဉ် မရှိသေးဘူး ဆိုတာ ကို သိလိုက် ရတယ်။ ဒါကြောင့် ကျင်းထန် ရဲ့ အခန်းကို ဦးစီး စစ်ဆေး သန့်ရှင်းရေး လုပ်​တဲ့ သူ့ရဲ့ အချိန်အကြာ ကြီး ခင်မင် ရင်းနှီး လာခဲ့တဲ့  ကောလိပ် အတန်းဖော်ကို ဝမ်ဟန် က အရင်ဦးဆုံး သွားရှာ တော့ လေတယ်။

ထိုလူ အပေါ်မှာ ဝမ်ဟန် က အကြိမ်ရေ မနည်း ကူညီပေး ခဲ့​တာ တွေ ရှိတဲ့ အပြင် ဝမ်ဟန် က ရင်းနှီး ဖော်ရွှေ မှုကြောင့် လူသိ များတာ ဖြစ်လို့ ထို လူက ဝမ်ဟန် တောင်းဆို တာကို အကြိမ် အနည်းငယ် လောက် ခွင့်ပြု ပေးဖို့ ဆုံးဖြတ် လိုက်လေတယ်။

ထို ကောလိပ် အတန်းဖော် သူငယ်ချင်း က ကျင်းထန် ရဲ့ ခါတိုင်း အမူအကျင့် တွေနဲ့ အကာအကွယ် တွေ အကြောင်း ကို ဝမ်ဟန် အား ပြောပြ ပြီးတော့ ထပ်ကာ ထပ်ကာ သတိ ပေးခဲ့ လေတယ် ။ ဒါမှသာ သူ့အတွက် လည်း ဘာ အမှား မျိုးမှ မရှိလာ နိုင်မှာ ပဲ ဖြစ်လေတယ်။

ဝမ်ဟန် က တစ်ခု ပြီး တစ်ခု ကတိတွေ အထပ်ထပ် သေချာလေး ပေးခဲ့ လေတယ်။ တကယ်လို့ တစ်စုံတစ်ရာ သာ တကယ်ကြီး ဖြစ်ပွား ခဲ့လို့ ဝမ်ဟန် က ချက်ချင်း ပဲ ထရပ်ကာ သူ့ရဲ့ အမှားတွေကို ဝန်ခံ ပေးရင် တောင်မှ ပဲ သူ့ရဲ့ ကောလိပ် အတန်းဖော် အနေနဲ့ လည်း သေချာပေါက် အပြစ်တင်တာ ကနေ ပြီးတော့ လုံးဝ မလွတ် မြောက်နိုင်တာ က မလွဲဧကန် ပဲလေ။

ဝမ်ဟန် က သူ့ရဲ့ အမှား တွေကြောင့် မဆိုင်တဲ့ သူတွေကို ထိခိုက်နာ ကျင်ခံစား ရမှာ မျိုးတွေ ကိုတော့ မလိုလားပါပေ။

သူ့ရဲ့ ကောလိပ် အတန်းဖော် သူငယ်ချင်း ရဲ့ ပြောစကားတွေ ထဲကနေ ပြီးတော့ ဝမ်ဟန် သိလိုက် ရတဲ့ အချက်ကတော့ ကျင်းထန် အတွက်  ဒီဟော်တည် အိပ်ခန်း ရဲ့ ဗီရိုထဲ မှာတောင် မှ အဝတ်အစား အစုံတွေ အများကြီး ထည့်သွင်း ထားတယ် ဆိုတာကို ပါပဲ။ အဲ့တာ တွေထဲ က ကျင်းထန် က အများကြီး ကို အကုန် ဝတ်လေ့ မရှိပေမယ့် လို့ပေါ့လေ။ ဒါပေမယ့် ဝမ်ဟန် ကတော့ ကျင်းထန် လုံးဝ မဝတ်ကြည့် ရ သေးတဲ့ အသစ် အနက်ရောင် ရှပ်အင်္ကျီ တစ်ထည် ကိုပဲ ဟော်တည် ရဲ့ ဗီရို ထဲကနေ ပြီးတော့ ထုတ်ယူ ဆဲ ဖြစ်လေတယ်။

ယုန်လေး က သားပေါက်လေးကို ပျိုးထောင်ဖို့ မတက်နိုင်ဘူး [BL] Where stories live. Discover now