အပိုင်း (19.2)

296 50 0
                                    

(19.2) သံသယ ၂

ကျင်းထန် က နန်ဟွေး ပို့ပေး တဲ့ ယုန်လေး ကျေးဇူးတင် jpg ကို ကြည့်ပြီးတော့ သူ့ရဲ့ နှုတ်ခမ်း က အပေါ်ကို ကွေးတက် သွားတော့ လေတယ်။

ငါက မုန်လာဥ မကြိုက်ဘူး: ငါက မင်းကို တိုက်လို့ မရ ပေမယ့် လည်း အခု မင်းကို ပထမ ဆုံး ပို့တာ ဖြစ်လို့ မင်းကို ပြုစုတယ် လို့ပဲ သဘောထား လိုက်တော့ မယ်နော်။ ဟီးဟီး

ကျင်းထန် က ထို မက်ဆေ့ချ် ကို အကြိမ်ပေါင်း များစွာ သေချာ ဖတ် ပြီးတော့ အတွင်း ရေးမှုး ​ကျင်းကို ထပ်ပြီး  ခေါ်လိုက်တော့ လေတယ်။

'' အစောက မင်းကို သေချာတဲ့ အညွှန်းပေးတဲ့ လူကို ဒီလ အတွက် ပရိုမိုးရှင်း လစာ နှစ်လ စာ တိုးပေးလိုက် ''

ကျင်းထန် က စားပွဲခုံ ကို ခေါက်ပြီးတော့ ထပ်ပေါင်း ပြောလိုက် လေတယ်။

'' အဲ့ဒါနဲ့ ၊ အဲ့လူ ရဲ့ ဌာန အတွက် လည်း ဘာဘယ်တီး တစ်ခွက်စီ ဝယ်တိုက် လိုက်အုံး''

ကျင်းထန် က ဆက်လက် ပြီးတော့ နန်ဟွေး ရဲ့ တင်ထား တဲ့ ပုံ နှစ်ခု ကို ဆက်လက် တူးဆွ နေခဲ့ လေတယ်။ မီးဖိုခန်းထဲ အရိပ် ပြန်မှုကြောင့်  မှုန်မှုန်ဝါးဝါး ဖြစ်နေ ပေမယ့် တစ်စုံ တစ်ခုကတော့ သိပ်ပြီး မူမမှန်ဘူး လို့ ကျင်းထန် ခံစား လိုက်ရလေတယ်။

သူ့ရဲ့ ယုန်လေး က ပိုပြီးတော့ ဝ လာတာ များလား?

နဂါးမျိုးနွယ်စု ရဲ့ အာရုံခံနိုင် စွမ်း  က ထပ်ဆုံးမှာ ရှိလေတယ်။ အရင်တစ်ခေါက် က တွေ့ခဲ့တဲ့ ဓာတ်ပုံနဲ့ နှိုင်းယှဥ် ကြည့်ရင် ယုန်လေး ရဲ့ ခါးနဲ့ ဗိုက်လေး က သိသိသာသာ ကိုပဲ အနည်းငယ် ပူဖောင်း နေခဲ့ လေတယ်။

ကျင်းထန် ရဲ့ မှတ်ဉာဏ် က အရမ်းကို ကောင်းမွန်တဲ့ အတွက်ကြောင့် သူက နန်ဟွေး တစ်ယောက် ဆေးရုံ ပထမဆုံး ရောက်တုံး က သူ လိုက်ရှာခဲ့တဲ့ အချိန် အပိုင်းအခြား ကို သေချာလေး ပြန်တွေး ခေါ်လိုက် လေတယ်။

ဘာလို့လဲ ဆိုတော့ သတင်းပို့ချက် အရတော့ သူတို့ နှစ်ယောက် က ဆေးရုံ ကနေ အပြင် ထွက်သွား ပြီးတဲ့နောက် ဘာမှ မူမမှန်တာ မျိုးတွေ မရှိနေ ဘူးလေ။ ဘာမှ မဖြစ်ဘူး ဆိုတာကို ကျင်းထန် သိပြီးတဲ့ နောက် အဲ့တာကို ဆက်ပြီးတော့ သူ့ရဲ့ စိတ်နှလုံးသား ထဲ မထည့်ထား တော့တာ သာ ဖြစ်လေတယ်။

ယုန်လေး က သားပေါက်လေးကို ပျိုးထောင်ဖို့ မတက်နိုင်ဘူး [BL] Where stories live. Discover now