(21.2)
အဝတ် သေးသေးလေး တွေက ကျင်းထန်စီကို အမြန် အချောပို့နဲ့ ရောက်လာခဲ့ လေတယ်။
သူက ဓာတ်ပုံပေါင်း များစွာ ကို ရိုက်ယူ ပြီးတော့ အဲ့အထဲ ကမှ သင့်တော်တဲ့ ရှုထောင့်က တစ်ခု ကို ရွေးလိုက် ပြီးတော့ အသစ်ဖောက် ထားတဲ့ WeChat အကောင့်ထဲ ကို ဝင်လိုက် ပြီးတော့ ပထမဆုံး ပို့စ် ကို တင်လိုက် တော့လေတယ်။
[ ဒါက အငယ်လေး အတွက် ငါ ဝယ်ထားတဲ့ ဟာလေးတွေပါ။ သူက အဲ့တာ တွေကို ကြိုက်မယ် လို့တော့ ငါမျှော်လင့် ပါတယ်]
ငါးစာကတော့ ချ လို့ ပြီးသွားပြီ။ ငါးက ငါးစာကို လာဟပ် ဖို့ ပဲ ကျန်တော့ တယ်လေ။
အဲ့အချိန်မှာပဲ နန်ဟွေး တစ်ယောက် ပို့စ်တွေ ထဲ ဝင်မွှေ နေတာ ဖြစ်ပြီးတော့ သူ့ ကလေး အတွက် အဝတ်အထည်တွေ ရွေးချယ်ဖို့ ရာ အနည်းငယ် စိုးရိမ် မိဆဲ ပဲ ဖြစ်လေတယ်။
ကလေး အဝတ် အများ ကြီး က ရုတ်တရက် မျက်လုံးရှေ့မှာ ပေါ်လာတာကို တွေ့လိုက် ရတဲ့ အချိန်မှာတော့ သူ့ရဲ့ စိတ်ရှည်မှု တွေ က ခက်ခက်ခဲခဲ ရွေးချယ်ရာ တွေမှာ ကုန်လု ဆဲဆဲ ဖြစ်နေ ပြီ ဆိုတာကို သဘောပေါက် သွားတော့ လေတယ်။
သူက မူးဝေနေပြီးတော့ သူ့ ကလေးလေး အတွက် ဘယ်ဟာကို ရွေးပြီး ဝယ်ယူ ရမလဲ ဆိုတာကို ဆုံးမဖြတ် တက်တော့ ပါချေ။
အဲ့နေရာမှာ ကြိုတင် ပြင်ဆင် ထားဖို့ရာ အတွက် လိုအပ်တဲ့ အချက်တွေ အများကြီး ရှိနေတယ်လေ။ အဲ့ဒါတွေ ရဲ့ တစ်မျိုးချင်း စီကို သေချာလေး လိုက်ရွေး ရမယ် ဆိုတာကိုတော့ ပြောနေ စရာကို မလိုတော့ ပါပေ။
မူးဝေ နေတဲ့ နန်ဟွေး တစ်ယောက် စျေးဝယ် ဆိုဒ် ကနေ ပြီးတော့ ထွက်ကာ ပို့စ် တွေကို ဝင်ကြည့် တဲ့ အခါ တင်ထားတဲ့ အဝတ်သေးသေးလေး တွေကို မြင်လိုက် ရပြီးတော့ သူ့ရဲ့ မျက်လုံးလေး တွေက တောက်ပ သွားတော့ လေတယ်။
အရမ်း ချစ်စရာ ကောင်းတာပဲ!
ဒါလေးတွေက အခုလေးတင် သူရှာတွေ့ ခဲ့တဲ့ ဟာတွေ ထက် အဆပေါင်းများစွာ ပိုပြီးတော့ လှပတယ်ရော!
နန်ဟွေး က ဓာတ်ပုံလေး တွေကို အကြိမ်ကြိမ် ကြည့်လိုက် ပြီးတော့ ဒီ ဝတ်စုံလေး နှစ်ခု က ကိုယ်ပေါ်မှာ တင်ဝတ် လိုက်ရင် ဘယ်လိုတောင် ကြည့်ကောင်း လိမ့်မလဲ ဆိုပြီးတော့ စိတ်ကူးယဥ် ကြည့်ရင်း နဲ့ သူ့ရဲ့ နှလုံး သား လေး က အတော်လေး အရည်ပျော် သွားမလို ခံစား ရလေတယ်။
YOU ARE READING
ယုန်လေး က သားပေါက်လေးကို ပျိုးထောင်ဖို့ မတက်နိုင်ဘူး [BL]
Randomယုန်လေး က သားပေါက် လေးကို ပျိုးထောင်ဖို့ မတက်နိုင်ဘူး! (BL translation) Little rabbit, he can't afford to raise cubs Author: Mr Rou Shan type: pure love -fantasy future -love Tag : sweetness, cuteness and pets , giving birth, bl, fantasy, rabbit x...