အပိုင်း (15.2)

460 56 0
                                    

(15.2) ဓာတ်ပုံများ ၂

အခုလို ဖြစ်ပျက် သွားတာ က အရမ်း ကို ပဲ ရှက်စရာ ကောင်းနေတဲ့ အတွက်ကြောင့် သူက ခက်ခက် ခဲခဲ နဲ့ အနောက်ကို ပြန်လှည့် ကြည့်လိုက်တော့ ချုအန်း က မရှိတော့ ပါပေ။

ထိုနေရာကို ထိခိုက်လို့ ဖြစ်ပေါ်လာတဲ့ နာကျင်မှု က အချိန်တို တစ်ခဏ လေး အတွင်းမှာ ပျောက်ကွယ် သွားနိုင်တဲ့ အရာမျိုး မဟုတ်ပါပေ။ ဒါပေမယ့် တစ်ခဏ လောက် နေပြီးတဲ့နောက် သက်လက်ပိုင်း လူကြီး က နာကျင်မှု ကနေ တဖြေး​ဖြေး သက်သာ လာခဲ့ လေတယ်။

ဒီတစ်ကြိမ်မှာတော့ ထိုလူ ခမျာ အလျင်စလို မပြုမူ ရဲတော့ ပါပေ။ သူက နံရံကို မမှီခင် အချိန်ထိ ခပ်ဖြေးဖြေး အချိန်ယူ ပြီး ကုန်းထ ခဲ့ရတယ်။ နံရံကို သေချာ ထောက်ပြီး တဲ့နောက်မှာတော့ အရှေ့ကို ခြေလှမ်း တစ်လှမ်း အရင်ဆုံး လှမ်းကြည့် လိုက်လေတယ်။

ဘာမှ ဆက်မဖြစ် လာပါပေ။ ဒီ တစ်ခါမှသာ သူ့မှာ စိတ်သက်သာ ရာရစွာ နဲ့ သက်ပြင်းချ လိုက်တော့ လေတယ်။

'' သေစမ်း ဝှက်သယ်ဟဲ ''

သူလည်း စကား ပြောပြီး ရော သူ့ရဲ့ ညာဘက် လက်က မထိန်းချုပ် နိုင်စွာ ပဲ အပေါ်ကို မြှောက်တက် လာပြီးတော့ သူ့ကိုယ်သူ ပါးပြန်ချ လိုက်လေတယ်။

တစ်ချက် ၊နှစ်ချက်.......  သူ့ရဲ့ ညာဘက် ပါး တစ်ခု လုံး ဖူးယောင် နေသည် အထိ တိုင်အောင် ချခဲ့ လေတယ်။

သက်လက်ပိုင်း လူကြီး ခမျာ အခု ချိန်မှာ အမေ ကိုင်တုတ် မယ့် အဆဲ တွေကိုတောင် ထုတ်မပြော ရဲတော့ ပါချေ။ သူက သူ့ရဲ့ အဖိုးအဖွားတွေကို ကန်တော့ သလိုမျိုး ဒူးထောက်ချ ပြီးတော့ တောင်းပန်ကာ အော်ဟစ်တော့ လေတယ်။

'' ကြီးမြတ် လှတဲ့ ဘိုးဘေး ခမျာ ကျုပ်ကို ခွင့်လွှတ် ပေးပါ! တကယ်လို့ ကျုပ် အဖိုးကို စော်ကား မိတယ် ဆိုရင် မနက်ဖြန် ငွေစက္ကူ ဝယ်ပြီး အဖိုး အတွက် မီးရှို့ ပေးပါ့မယ်။ အဖိုး ရေ ကျုပ်ကို လွတ်ပေး ပါတော့ ဗျာ ''

ထို ထိန်းချုပ် ခံရမှုကြောင့် ကြောက်သွားတာ ပဲလား ဒါမှမဟုတ် ကြက်ဖ လေး စီ က နာကျင်မှု က မပျောက် သေးတာ ကြောင့်လား တော့ မသိပေ။ ထို စကားကို ပြောပြီးတာနဲ့ သက်လက်ပိုင်း လူကြီး က မျက်လုံးတွေ မှိတ်ကျ သွားကာ မေ့လဲ သွားတော့ လေတယ်။

ယုန်လေး က သားပေါက်လေးကို ပျိုးထောင်ဖို့ မတက်နိုင်ဘူး [BL] Where stories live. Discover now