Arc 2.5

1.4K 98 11
                                    

Unicode

" စစ်သူကြီးခမ်း "

' အိုး အကိုတော်နဲ့ တွေ့ဆုံးပြီးလို့ အလွမ်းသယ်ပြီးသွားပြီထင်ပါ့ '

" အကိုတော် ပြန်လာပြီလား စစ်သူကြီးခမ်းလဲပါလာတာရော "

" မြို့ထဲသွားရင်း လမ်းမှာတွေ့လာ ညီတော် "

" ဒါဆိုရင်တော့ ဒီညမယ် ကျွန်ုပ်တော့ ကောင်းကောင်း အိပ်စက်အနားယူရမယ်ထင်ပါ့ "

" ညီတော်! "
မဟူရာရဲ့ စနှောက်မှုကြောင့် ပယင်းက အရှက်ကြီးသွာဖြင့် အော်လိုက်သည်။ ဒီကောင်ကလေး လျှောက်တော့မပြောလိုက်ပါဘူးနော်။

" ဟီး အကိုတော်ကလဲ ညီတော်ပြောတာက ဒီညမိုးရွာမှာမလို့ မိုးအေးအေးနဲ့ အိပ်လို့ရပြီလို့ပြောတာပါ "

" အဟမ်း အဟမ်း ဒီညီကိုနှစ်ယောက် ဘာတွေလျှိဝှက်နေတာလဲ ကျွန်ုပ်ကိုရောမပြောပြချင်ဘူးလား "

" ဒါကဒီလိုရှိတယ် စစ်သူကြီးရဲ့ လူတစ်ယောက်ကပေါ့နော် ညစဥ်ညတိုင်း တစ်စုံတစ်ယောက်ကို လွမ်းဆွတ်တမ်းတပြီး ငိုကြွေးနေတာဗျာ ကျွန်ပ်ဆို အဲ့လူကိုသနားလို့အိပ်တောင်မပျော်ဘူး "

" ညီ.. ညီတော် မနက်ဖြန် နန််းတွင်းထဲသွားဖို့ ဆေးတွေစုံပြီလား "

" ဆေးကတော့စုံပါပြီ အကိုတော် တစ်ခုပဲခိုတယ် အဲ့တာကမိုးရေ ဒီညမိုးရွာရင်တော့ဖြင့်  မနက်ဖြန်နန်းတွင်းထဲဝင်နိုင်မှာပါ "

" ဪ ဒီညမိုးရွာဖို့ ဆုတောင်းရတော့မှာပေါ့ "

စစ်သူကြီးခမ်း စကားကြောင့် မဟူရာပြုံးမိသွားသည်။ ပိုင်ပိုင်ပြောပြထားတဲံအတိုင်းဆိုလျှင် ဒီညသေချာပေါက်မိုးရွာလိမ့်မည် ။

တကယ်လဲ ညသန်းခေါင်ယံမှာ မိုးရွာခဲ့သည်။ မဟူရာလဲ ဘူးသီးခြောက်လေးပြည််အောင် မိုးရေဖြည့်လိုက်ပြီး မနက်ဖြန်အတွက် ပြင်ဆင်နေတော့သည်။ အကုန်ပြင်ဆင်ပြီးနောက် စာတစ်ဆောင်လဲ ရေးခဲ့သေးသည်။ သူ ဒီ mission ပြီးလျှင်ပြီးချင်း ဒီကမ္ဘာထဲကထွက်ဖို့ပြင်ဆင်ထားတာကြောင့်ပင်။

နောက်တစ်နေ့ အနက်ဝေလီဝေလင်းအချိန်တွင် မဟူရာနိုးလားခဲ့သည်။ ပယင်းကတော့ မနေ့ထဲက စစ်သူကြီးခမ်းနောက်ပါသွားချေပြီ သူာသာအတွဲတွေကြားထဲဝင်မရှုပ်ချင်လို့ကျန်ခဲ့တာဖြစ်သည်။

ဗီလိန်အားကယ်တင်ခြင်း  ( System  ) (Complete) Where stories live. Discover now