𝟷♡

3.8K 229 99
                                    

Fic Name - Always
Start - 17.6.23
  End - 29.7.23
{Completed✔}

ခိရီက one shot မရေးဖူးတော့ တပုဒ်လောက်ရေးကြည့်ဖို့ဆုံးဖြတ်ခဲ့ပါတယ်... ဒါပေမဲ​့ရေးနေရင်းပဲရှည်သွားပါတယ်.. တပိုင်းထဲအရမ်းရှည်နေရင် ဖတ်ရပျင်းမှာစိုးလို့ အပိုင်းတွေထပ်ခွဲထုတ်ထားပါတယ်.. upက အကြာကြီးမစောင့်ရပါဘူး.. မြန်မြန်လေးupပေးပါ့မယ်.. feedbackလေးတွေချန်ခဲ့ဖို့မမေ့ပါနဲ့နော်..။ 🫶

_______________

[UNICODE]

ဗုန်း!!🌊

ပင်လယ်ပြင်မှလှိုင်းရဲ့ရိုက်ခတ်သံမှာ တဗုန်းဗုန်း.. ဇင်ယော်ငှက်ငယ်လေးများမှာလည်း ပင်လယ်မျက်နှာပြင်ပေါ်ပျံသန်းနေကြတယ်... ကြက်ဥအနှစ်လိုနေလုံးကြီးကလည်း ညနေဘက်ပင်လယ်ထဲနစ်ဝင်နေတော့တယ်..။ ဒါဟာ ယော့ဒိုဂျန်းဆိုတဲ့တံငါရွာလေးရဲ့ တန်ဖိုးမဖြတ်နိုင်တဲ့ရှုခင်းလေးတခုပင်ဖြစ်တယ်...။

"Hyung!!"

အင့်~

"မပြေးလာနဲ့လေ.. ကူးငယ်~"

တံတားပေါ်မှာရပ်နေတုန်း သူ့ကိုပြေးလာပြီးဖက်ထားတဲ့ကူးငယ်..။ ကူးငယ်ကအသက်၁၀နှစ်သာရှိသေးတဲ့ကလေးငယ်လေး... သူကတော့ကူးငယ်ကိုစောင့်ရှောက်ပေးနေတဲ့အကိုကြီးဆိုပေမဲ့ သူ့အသက်ကလည်း၁၅နှစ်သာရှိသေးတယ်... မိဘတွေကပင်လယ်ထဲမှာ မုန်တိုင်းဒဏ်ကြောင့် အသက်ဆုံးရှုံးခဲ့ရတယ်.. အဲ့အချိန်ကစပြီး ကူးငယ်ကိုသူပဲစောင့်ရှောက်လာခဲ့တယ်.. သူကတော့ ဖေဖေနဲ့မေမေရဲ့သားအရင်းဆိုပေမဲ့ ကူးငယ်ကတော့ မွေးစားသားဖြစ်တယ်..။

"သားက Hyungကိုလိုက်ရှာနေတာ"

"ကျောင်းမှာစာသေချာလုပ်ခဲ့ရဲ့လား.. ထမင်းရောကုန်ရဲ့လား"

"ဟုတ်ကဲ့Hyung"

"Hyungရဲ့ကူးငယ်လေးက လိမ္မာတယ်.. မွ"

"ဟီး"

ကူးငယ်ပါးပြင်လေးကို မွှေးကြူလိုက်တိုင်း ကူးငယ်ကယုန်သွားလေးတွေပေါ်သည်အထိ ပြုံးပြတတ်တယ်...။

............

ယော့ဒိုဂျန်းရွာဟာ တံငါရွာဆိုသည့်အတိုင်း ငါးဖမ်းလုပ်ငန်း ငါး​ခြောက်လုပ်ငန်းတွေကိုပဲ အဓိကလုပ်ကိုင်ကြတယ်.. ယောက်ျားသားတွေကလည်း ငါးဖမ်းလှေလုပ်ငန်းကိုသာ လုပ်ကြတယ်.. ဒီအလုပ်ကြောင့်သာ မိဘတွေ ဆုံးပါးသွားသည်မို့ ဆော့ဂျင်ကတော့ ပင်လယ်ကိုကြောက်တယ်..။

𝖠𝗅𝗐𝖺𝗒𝗌 [✔]Where stories live. Discover now