𝟽♡ | M

1.6K 183 50
                                    

[UNICODE]

"ဒါHyungတို့နေရမယ့်အိမ်လား"

"ဟုတ်တယ်လေ.. Hyungကြိုက်လား"

"အွန်း"

တခမ်းတနားဖြစ်နေတဲ့ကွန်ဒိုကြောင့် Hyungမျက်လုံးလေးတွေတလက်လက်ဖြင့် သဘောကျနေကြောင်းသိသာတယ်.. သူလည်းHyungကိုအခုလိုထားချင်ခဲ့တာ.. လက်ထဲကပစ္စည်းတွေတောင်မချရသေးတဲ့သူ့ကိုမစောင့်တော့ဘဲ Hyungကကွန်ဒိုကိုသာပတ်ကြည့်နေတော့တယ်..။

ကွန်ဒိုထဲကမီးဖိုခန်း ရေချိုခန်း ဧည့်ခန်း TV တွေကအစ Hyungအတွက်အထူးအဆန်းဖြစ်နေခဲ့တယ်.. ရွာမှာတခါမှတောင်မမြင်ဖူးခဲ့တဲ့အရာတွေလေ..။

"ကူးငယ် Hyungတို့ရွာမပြန်ရတော့ဘူးလား"

"မပြန်တော့ဘူးလေ ဒီမှာပဲနေမယ်"

"ဟမ်.. ဟိုမှာHyungကိုစိတ်ပူပေးနေတဲ့သူတွေရှိမယ်ထင်တယ်.."

"Hyung~ ဟိုကလူတွေကိုမေ့လိုက်တော့.. Hyungကကျနော်နဲ့အတူဘဝသစ်ရမယ်လေ.. Hyungကျနော့်ကိုမချစ်တော့တာလား"

"မဟုတ်ပါဘူး.."

ကူးငယ်မရှိတဲ့တချိန်လုံးရွာကသူတွေကသာ သူ့ကိုကြည့်ရှုပေးခဲ့ကြတာပဲလေ.. အတင်းပြောခံရတာကအနည်းနဲ့အများရှိပေမဲ့လည်း ရွာကလူတွေကသူ့အပေါ်ကျေးဇူးရှိပါတယ်... ။ အတိုက်အခံလုပ်ပြောရင် ကူးငယ်ကသူ့ကိုဆူတော့မှာ....။

သူ့ကိုဘာမှပြန်မပြောတော့ဘဲ အိပ်ခန်းထဲဝင်သွားတဲ့Hyungနောက်ကိုသူလိုက်သွားလိုက်တယ်.. ဖြူဖွေးနေသော အိစက်စက်ကုတင်ပေါ်ခုန်ဆွခုန်ဆွလုပ်နေတဲ့ Hyungကို သူပြုံးရင်းသာကြည့်နေလိုက်တော့တယ်..။ Hyungကိုပျော်အောင်သူလုပ်ပေးနိုင်တယ်ထင်တယ်..

"ကူးငယ်က ဒီမှာနေတာကြာပြီလား"

"ကျနော်မနေပါဘူး.. ကျနော်ကအဆောင်မှာပဲနေတာ.. Hyungနိုးလာမှပြောင်းဖို့လုပ်ထားတာလေ"

"ဒါဆိုကူးငယ်နဲ့အတူတူနေရတော့မှာပေါ့ ဟီး"

ကုတင်ပေါ်ကနေပြေးဆင်းပြီး လာဖက်တဲ့Hyungကိုပြန်ဖက်တွယ်ပြီး Hyungကိုတင်ပါးကနေမချီလိုက်တော့ Hyungခြေထောက်ကလည်း သူ့ခါးကိုချိတ့တွယ်ထားတော့တယ်...။

𝖠𝗅𝗐𝖺𝗒𝗌 [✔]Where stories live. Discover now