𝟻♡

1.4K 189 53
                                    

ရွေးချယ်စရာမရှိတော့သည်မို့ 'လက်ထပ်ခြင်း'ဆိုတဲ့လမ်းကိုပဲရွေးချယ်ရပါတော့တယ်... အခုလုပ်မိတာဟာ Hyungအပေါ်သစ္စာဖောက်ရာများကျသွားမလားဆိုတာထက် မှန်လား မှားလားဆိုတာတောင် မဝေခွဲတတ်တော့ပေ...။ ဟန်ဆောင်အပြုံးတခုသာ ပန်ဆင်ရင်း လက်ထပ်ပွဲကအောင်မြင်စွာပြီးဆုံးသွားတော့တယ်..။

"ဂျီဝန်း.. ငါHyungဆီသွားလို့ရမလား"

"သွားလေ.. နင်ဘာကြောင့်ငါ့ကိုလက်ထပ်လဲဆိုတာလည်းသိပြီးသားဆိုတော့ အထွေအထူးမဟုတ်ပါဘူး.. ငါနားလည်ပါတယ်.. "

"ငါနင့်ကို အခက်ကြုံအောင်လုပ်မိနေတယ်ထင်တယ်"

"မဟုတ်တာ.. ဒါပေမဲ့ ငါဘာကြောင့်ကူညီလဲဆိုတာတော့ နင်သိမှာပေါ့ဂျောင်ဂု"

"........"

"ဒါပေမဲ့စိတ်မပူပါနဲ့.. ငါနင့်ဆီကဘာကိုမှမမျှော်လင့်ထားပါဘူး.. နင့်အစ်ကိုသတိရလာတာနဲ့ငါကွာရှင်းပေးမှာပါ"

"တကယ်ကျေးဇူးတင်ပါတယ်"

"ရပါတယ်... ဒါနဲ့အဖေမမြင်စေနဲ့"

မင်္ဂလာဦးညမှာတင် ဆေးရုံသွားမယ်ပြောလာတော့လည်း သူမတားမိပါ.. ဂျွန်ဂျောင်ဂုကိုသူအရမ်းသဘောကျပါတယ်.. ဒါကြောင့်လည်းဘာမှကိုမှုမထားဘဲ သူဖွင့်ပြောခဲ့မိသေးတာပဲ.. အငြင်းခံရပြီးနောက်ပိုင်းလည်းမိတ်ဆွေသူငယ်ချင်းတယောက်အဖြစ်ထပ်ရှိနေသေးတာကြောင့် ထပ်ပြီးမဖွင့်ပြောတော့ဘဲ တိတ်တခိုးသဘောကျနေခြင်းသာ...။

ဂျောင်ဂုက အဖေ့ဆီကရလာတဲ့ကမ်းလှမ်းချက်အကြောင်းကိုပြောပြတော့ သူတကယ်အံ့အားသင့်မိတယ်.. အဖေဖြစ်သူကဂျောင်ဂုကိုဘာကြောင့်အခုလိုကမ်းလှမ်းရလဲသူနားမလည်နိုင်ပေ.. ဆေးရုံအတွက်ရှေ့နေ့အဖွဲ့ဆိုတာကလည်း အဲ့လောက်ထိမလိုအပ်နေပေ.. ဒါမှမဟုတ် အဖေကသူ့ကိုဂျောင်ဂုနဲ့နီးစပ်အောင်ကူညီပေးတာများလား..။

ဂျောင်ဂုကကမ်းလှမ်းချက်ကိုပြောပြပြီးနောက် သူ့ကိုလက်ထပ်ခွင့်တောင်းခြင်းမျိူးမဟုတ်ဘဲ အစ်ကိုဖြစ်သူအတွက်သူ့ကိုလက်ထပ်ပေးဖို့အနူးအညွန့်​တောင်းပန်နေခြင်းသာဖြစ်တယ်... မျှော်လင့်ချက်လေးတခုဖြင့် သူလက်ခံလိုက်ပါတယ် ... အနေနီးလာကြတဲ့အခါ ဂျောင်ဂုဘက်ကသူ့အပေါ်စိတ်ယိုင်လာတာမျိုးဖြစ်နိုင်တာပဲလေ.. သူကလည်း ယောက်ျားတိုင်းလိုချင်တဲ့နှင်းဆီခိုင်လေးပါ.. ။

𝖠𝗅𝗐𝖺𝗒𝗌 [✔]Where stories live. Discover now