[UNICODE]
ရှေ့နေ့တယောက်ဖြစ်လာဖို့က ၅နှစ်ကနေ၇နှစ်အထိကြာနိုင်တယ်.. ၃နှစ်ကျောင်းတက်ပြီး လက်တွေ့တရားခွင်အထိပါသင်ယူရပါအုံးမည်.. အခုတော့၂နှစ်ပြီးသွားပြီဆိုပေမဲ့လည်း ကူးငယ်ရှေ့နေဖြစ်ပြီးအတူနေရမယ့် အချိန်က အများကြီးလိုသေးတယ်.. ကူးငယ်နဲ့ ၁၀လလောက်ခွဲရပြီး ၂လလောက်သာအတူနေရတယ်.. ဒီအချိန်တွေကိုအမြန်ကျော်ပစ်လိုက်ချင်တော့တယ်..
ဒီတခေါက်လည်း ကူးငယ်သိပ်မကြာခင် ဆိုးလ်ကိုသွားတော့မယ်ဆိုတာ သိနေတာကြောင့် သူမှိုင်တွေတွေဖြစ်နေမိတယ်...။ အိမ်ရှေ့ကကြံ့စင်ပေါ်ထိုင်နေရင်း မှောင်မဲနေတဲ့ကောင်းကင်ကိုသာ အကြောင်းမဲ့ငေးကြည့်နေမိတယ်...
"Hyung~ မအိပ်သေးဘူးလား"
"မအိပ်ချင်သေးလို့ပါ.. ကူးငယ်အိပ်တော့လေ"
"အင်း.. Hyungလည်းခဏနေပြီးရင်ဝင်ခဲ့တော့ အပြင်မှာအေးတယ်"
"အင်း"
ညနက်လာတော့ အအေးဓာတ်လည်းပိုလာသည်မို့ အိမ်ထဲဝင်လာလိုက်တယ်.. ကူးငယ်အိပ်ပျော်နေတာတွေ့တော့ ကိုယ့်အိပ်ယာကိုမသွားဘဲ ကူးငယ်အိပ်ယာဘေးတွင်သာထိုင်ရင်း ကူးငယ်ကိုကြည့်နေမိတယ်.. သူ့စိတ်ထဲအမြဲနေရာယူထားတဲ့အရာက ကူးငယ်နဲ့မခွဲချင်ဘူးဆိုတာပဲ..။ ခွဲရတော့မည်လို့တွေးတိုင်း သူဝမ်းနည်းတယ်.. မထိန်းချုပ်နိုင်ဘဲ မျက်ရည်တွေကပိုးပိုးပေါက်ပေါက်..။
သူ့ရှိုက်သံကြောင့် ကူးငယ်မျက်လုံးတွေပွင့်လာတယ်..
"Hyung~ ဘာလို့ငိုနေတာလဲ"
"ဟင့်~ Hyungမငိုပါဘူး.."
"Hyungဘာလို့ငိုနေလဲကျနော်သိတယ်.. အရမ်းကလေးမဆန်ပါနဲ့.. ကျောင်းပိတ်တိုင်းကျနော်ပြန်လာနေတာပဲလေ.. ခဏလေးခွဲရတာကိုအဲ့လောက်ငိုနေရင် ကျနော်တသက်လုံးထွက်သွားရင်ဘယ်လိုလုပ်မလဲ"
"အဲ့လိုမပြောပါနဲ့.. ကူးငယ်ကဘာလို့တသက်လုံးထွက်သွားရမှာလဲ.. "
"မငိုနဲ့.. ကျနော့်နားမှာလာအိပ်"
ကူးငယ်ဘေးနားမှာလှဲချလိုက်ပြီး ကူးငယ်ကိုသာဖက်ထားလိုက်တယ်..။ ကူးငယ်ရဲ့ကိုယ်သင်းရနံ့လေးကြောင့် ပိုပြီးနွေးထွေးသွားသလိုခံစားချက်မျိုး..။
![](https://img.wattpad.com/cover/342291243-288-k626532.jpg)