[UNICODE]
လက်နှစ်ဖက်လုံးကိုပူးချည်ပြီး ချည်နှောင်ခံထားရတဲ့အခါ ရုန်းနေဖို့အင်အားတွေမရှိတော့.. လမ်းကြောင်းအရတော့ ဆေးရုံအုပ်ဟာရဲ့သိုလှောင်ရုံဘက်ကိုဦးတည်နေတာဖြစ်တယ်.. ထင်ထားသည့်အတိုင်းပင် ဂိုဒေါင်တံခါးကိုဖွင့်လိုက်တာနဲ့ ဆေးရုံအုပ်ဟာရဲ့ယုတ်မာတဲ့ပုံရိပ်ကိုမြင်တွေ့လိုက်တယ်..။
ထို့နောက် သူတို့နှစ်ယောက်လုံးကို ကြမ်းပြင်ပေါ်ဒူးထောက်ချစေပြီး.. ခုံပေါ်ခြေချိတ်လျက်ထိုင်နေတဲ့ ဆေးရုံအုပ်ဟာက နိုင်သူတယောက်လိုပြုံးပြလာတယ်.. ဂျောင်ဂုဒေါသကြောင့် စိတ်ကိုချုပ်ထိန်းရင်းအံကျိတ်လိုက်မိတယ်.. လက်တွေကိုသာမချုပ်နှောင်ထားရင် သူထထိုးပြီးနေလောက်ပြီ..။
"ငါ့လက်ကလွှတ်မယ်ထင်နေလား ဂျွန်ဂျောင်ဂု.. ဟားး ဟားး"
"ကျနော်တို့ကိုသွားခွင့်ပေးပါ.. တကယ်တောင်းပန်ပါတယ်"
ဒေါသအလျောက်ထုတ်မပြောဘဲ ပြောသင့်တဲ့စကားကိုသာ ထိုအချိန်တွင်ထုတ်ပြောရမယ်ဖြစ်တယ်.. ဒါကြောင့်လည်း မာနတွေထားမနေ.. ဘေးမှာလည်း သူ့အနေအထားဖြင့်ပင် ဒူးထောက်နေရတဲ့Hyungရှိသေးတယ်... သူတို့အသက်က ဆေးရုံအုပ်ဟာလက်ထဲတွင်သာမို့ တောင်းပန်ရုံကလွဲပြီးအခြားနည်းလမ်းမရှိပေ..။ ထိုစဥ်Hyungဆီကလည်း ကတုန်ကယင်ဖြင့် ...
"ကျနော်လည်း တောင်းပန်ပါတယ်.."
"ဟက်!! အဲ့လိုပြောတော့ငါ့ကိုလွှတ်ပေးရမှာလား.. တော်တော်မျက်နှာပြောင်တိုက်ပါလား... ငါ့သမီးနောက်ကွယ်မှာဖြစ်ချင်သလိုဖြစ်ရုံမကဘဲ နိုင်ငံခြားအထိပါထွက်ပြေးဖို့လုပ်နေတဲ့မင်းတို့ကို ငါလွှတ်ပေးစရာအကြောင်းမရှိဘူး.."
"ပြီးတော့ မင်း..!!! ထွက်သွားမယ်ပြောပြိး ဘာလို့မသွားတာလဲ.. မင်းကြောင့်အကုန်ရှုပ်ကုန်ပြီ"
"ဆေးရုံအုပ်ဟာ.. ဒီကိစ္စတွေအားလုံးကိုဂျီဝန်းသိတယ်.. သူလည်းအကုန်နားလည်ပြီးခွင့်ပြုပေးတာ.. ပြီးတော့ ကျနော်နဲ့ဂျီဝန်းကြားမှာ လင်မယားလိုဆက်ဆံရေးတခါလေးမှတောင်မရှိဖူးဘူး.. အခုလည်းကွာရှင်းထားပြီးပြီ.."