𝟷𝟷♡ [𝒆𝒏𝒅]

1.9K 158 59
                                    

[UNICODE]

ဆေးရုံမှာကြာကြာမနေချင်သည်မို့ ကွန်ဒိုကိုသာပြန်လာခဲ့ကြတယ်..။ Hyungကိုတော့ အိပ်ယာထဲပို့ခဲ့ပြီးနောက် စားစရာတခုခုပြင်ဆင်ဖို့ အခန်းပြင်ထွက်မည်အပြု Hyungကသူ့အင်္ကျီစကိုဆုပ်ကိုင်လာတယ်..။

"ကူးငယ်~"

"ဘာဖြစ်လို့လဲ Hyung.. ကျနော်Hyungအတွက်တခုခုပြင်ပေးမလို့လေ"

"ဟင့်အင်း.. အိပ်ချင်သေးတယ်.. အခုမသွားနဲ့"

Hyungဘေးနားဝင်အိပ်လိုက်ရင်း Hyungကိုပွေ့ဖက်ထားမိတယ်.. ဖြစ်ပျက်ခဲ့တဲ့ဖြစ်စဥ်တွေကို Hyungလန့်နေအုံးမှာအသေချာပင်ဖြစ်တယ်.. ဒါကြောင့်လည်း အဲ့အကြောင်းတွေကိုပြန်ပြောမနေဘဲ Hyungကိုလည်းမေ့လျော့နေစေချင်တယ်.. ။

"Hyung~ အဆင်ပြေရဲ့လား.. တခုခုနေမကောင်းဘူးလား.."

"အင်း.. စိတ်က နေလို့မကောင်းဘူး.."

သိပါတယ်.. ကြီးကြီးမားမားတွေမဖြစ်ခဲ့ပေမဲ့လည်း ထိုလူတွေကြောင့်Hyungစိတ်ထဲမှာ မလုံခြုံသလိုခံစားရပြီး စိတ်ဒဏ်ရာတချို့ကိန်းအောင်းနေအုံးမှာ... သူ့ရင်ဘတ်ပေါ်ကအင်္ကျီစကို ဆုပ်ကိုင်ထားတဲ့ လက်ချောင်းလေးတွေကိုငုံ့ကြည့်လိုက်ရင်း ခေါင်းလုံးလုံးလေးကို တဖွဖွနမ်းမိတယ်...။

"Hyung~ ကျနော်Hyungကိုမကာကွယ်နိုင်ခဲ့ဘူး.. တောင်းပန်ပါတယ်.. "

"ကူးငယ်~ Hyung~.. hyungသေရတော့မယ်လို့ပဲ တွေးနေခဲ့တယ်.. Hyungအဲ့လူတွေကိုရွံတယ်.. သူတို့ကHyungလက်တွေကိုချုပ်ထားပြီး Hyungကို.."

စကားတွေတောက်လျှောက်ပြောနေရင်း Hyungအသံတွေကမတည်ငြိမ်သလို Hyungလက်တွေကပိုတင်းကျပ်လာတယ်.. Hyungစိတ်တွေတည်ငြိမ်စေဖို့ သူအမြန်ပင်တားဆီးလိုက်တယ်..

"Hyung!.. မပြောနဲ့တော့.."

"ဟင့်~ ကူးငယ်~ Hyungကြောက်နေခဲ့တယ်.. ဟင့်~ ဒီလိုဖြစ်သွားရင် သူတို့မသတ်ရင်တောင် Hyungကိုယ့်ကိုယ်ကိုသတ်သေမိမှာ.."

ဂျောင်ဂု Hyungရဲ့ကိုယ်ကိုပိုတင်းကျပ်စွာပွေ့ဖက်ထားရင် ကျောပြင်ကိုပွတ်သပ်ပေးရင်း နှစ်သိမ့်ပေးတယ်.. Hyungကိုစိတ်ပူတယ်.. အရင်ကလည်းသတ်သေတဲ့အထိလုပ်ခဲ့ဖူးတဲ့သူတယောက်က နောက်တကြိမ်ထပ်လုပ်နိုင်တယ်.. ဒီလိုအတွေးတွေသာ စိတ်ထဲရှိနေသေးရင် စိတ်ဒဏ်ရာရနေအုံးမှာ..

𝖠𝗅𝗐𝖺𝗒𝗌 [✔]Where stories live. Discover now