[UNICODE]
toooo.. tooo
တဖက်ကဖုန်းချသွားသည့်တိုင်အောင် ဖုန်းကိုင်ထားလျက်ပင် အသိစိတ်တွေမဝင်တော့သလို မျက်ရည်တွေတောက်လျှောက်စီးကျလာတယ်.. လုံးဝမယုံကြည်နိုင်ပေ..
"ဂျောင်ဂု.. ဘာဖြစ်တာလဲ"
"မင်ဟို.. ငါ့Hyungကနောက်ဆုံးအခြေအနေရောက်နေပြီတဲ့.."
အလုပ်ထဲမှာဆိုတာကိုလည်း ဂရုမစိုက်နိုင် မင်ဟိုကိုသာဖက်ထားရင်း အော်ငိုမိတယ်.. Hyungနဲ့အတူတူဆိုးလ်မှာနေမယ့်အိပ်မက်လေးက ပျက်စီးသွားပြီလား.. ရုံးမှာခွင့်တင်ပြီးသူချက်ချင်းထွက်လာခဲ့တယ်။
အခုသွားရင်တောင်မှ မနက်ဖြန်မှပဲရွာကိုရောက်ပါလိမ့်မယ်.. ကုန်းလမ်းရေလမ်းအဆင့်ဆင့်သွားရသေးသည်.. ယော့ဒိုဂျန်းရွာကိုရောက်တဲ့အချိန်ဟာ မနက်အစောကြီးနေထွက်ချိန်ပင်.. ရွာရဲ့တခုတည်းသော ဆေးရုံကိုသာအမြန်ပြေးတော့တယ်..။
"လူနာကင်မ်ဆော့ဂျင်က အရေးပေါ်ခန်းမှာပါ.."
အရေးပေါ်ခန်းအရှေ့မှာရှိနေသူက စျေးထဲကဒေါ်ကြီး.. ။ ဒေါ်ကြီးလည်းငိုထားသည်ထင်ပါတယ် မျက်နှာမကောင်းပေ..
"ရောက်လာပြီလား.. နင့်hyungကဟိုမှာ"
အရေးပေါ်ခန်းမှာ အောက်စီဂျင်ပိုက်များအကြားအိပ်စက်နေတဲ့Hyung~ အထဲဝင်သွားခွင့်မပေးသည်မို့ အပြင်ကနေပဲကြည့်နေရင်းက Hyungအပေါ်သူ့အပြစ်တွေကိုတွေးနေရင်းမျက်ရည်တွေထပ်ပြီးစီးကျလာတယ်...။
"တောင်းပန်ပါတယ် Hyung~"
"ဘာလို့၃နှစ်တောင်ပြန်မလာခဲ့တာလဲ.. ဆော့ဂျင်ကနင့်ကိုဘယ်လောက်ထိသံယောဇဥ်ရှိလဲဆိုတာမသိလို့လား.. သူ့အတွက်သူထက် နင့်အတွက်ပဲ့အမြဲကြည့်ပေးခဲ့တာ... သူရှာဖွေစုဆောင်းသမျှကလည်း နင့်ကျောင်းစရိတ်အတွက်ပဲ... စျေးကအလုပ်နဲ့တင်မလောက်ငှလို့ အဲ့ဆောက်လုပ်ရေးနေရာမှာအလုပ်လုပ်ရတာလည်း နင့်ကြောင့်ပဲ.."
"..... ဟင့်~ ကျနော်တောင်းပန်ပါတယ်.. Hyungအပေါ်အများကြီးပျက်ကွက်ခဲ့မိတယ် ... Hyung!! ကျနော်တောင်းပန်ပါတယ်! "
"အခုနင်တောင်းပန်တာတွေကို ဆော့ဂျင်ကကြားနိုင်တော့မှာမဟုတ်ဘူး..."