ထိုလူကြီးထွက်သွားပြီးနောက် ဟန်မဆောင်ထားနိုင်လောက်တဲ့အထိ အင်အားမဲ့စွာကြမ်းပြင်ပေါ်ပြုတ်ကျသွားခဲ့တယ်.. လက်ထဲကဓာတ်ပုံတွေဟာလည်း ကြမ်းပြင်ပေါ်ပြန့်ကျဲကုန်တယ်..။ ကြမ်းပြင်ပေါ်ထောက်ထားတဲ့လက်ပေါ် မျက်ရည်စတွေက တစက်ပြီးတစက်စီးကျလာနေတယ်..။
ကူးငယ်ဟာသူ့အတွက်ဘဝတခုလုံးမို့ ထိုကိစ္စကြောင့် သူ့ရဲ့အရာအားလုံးစုပ်ယူခံလိုက်ရသလို နှလုံးသားတခုလုံးဟာဗလာနတ္ထိ... ကူးငယ်နဲ့အတူပျော်ရွင်ရတဲ့ဘဝတခု, သူ့အိပ်မက်ထဲကဘဝတခုကို လက်တွေ့မှာလည်းပိုင်ဆိုင်လိုက်ရပြီလို့ တကယ်ထင်မှတ်ပြီးပျော်ရွင်ခဲ့မိပေမဲ့ အခုတော့အားလုံးကအိပ်မက်တခုလိုပဲ ပြန်ပျောက်ကွယ်သွားတော့မည်..။
သူကဆိုးသွမ်းပြီးသူများအိမ်ထောင်ကိုဖျက်ဆီးမည့်သူမဟုတ်တဲ့အတွက် ထွက်သွားပေးမှာပါ.. ထိုမိန်းကလေးနဲ့လည်း ကူးငယ်ကိုပြိုင်လုနေဖို့အစီအစဥ်မရှိပါ.. ဒီကိစ္စမှာကူးငယ်အပြစ်မဟုတ်တာကိုလည်းသူနားလည်ပါတယ်... ကူးငယ်ကသူစိတ်မကောင်းဖြစ်မှာစိုးလို့ သူ့ကိုမပြောပြဘဲသူ့အလိုကျလုပ်ပေးနေခဲ့တာ.. ကူးငယ်ရဲ့စိတ်ရင်းကိုသူသေချာသိလိုက်ပါပြီ..။ ချစ်ရသူရှိရက်နဲ့ သူ့အပေါ်အလိုလိုက်ပေးခဲ့တဲ့ ကူးငယ်လည်းသူ့ကြောင့်အများကြီးပင်ပန်းခဲ့ရပြီးပြီမို့.. ကူးငယ်ကိုတောင်းပန်ချင်တဲ့စိတ်ပဲရှိတော့တယ်... ။
အပြစ်တင်ရမယ်ဆိုရင်လည်း ကိုယ်ကိုယ်ကိုပဲအပြစ်တင်ပါတယ်.. သူကကူးငယ်ရဲ့အိမ်ထောင်ရေးကိုဖျက်စီးဖို့အထိ လုပ်ခဲ့မိတာ.. တောင်းပန်ပါတယ် ကူးငယ်...။
ကူးငယ်မရှိတဲ့ဘဝဟာ အဓိပ္ပါယ်မရှိတာကြောင့် ဆက်ရှင်သန်နေစရာအကြောင်းပြချက်တွေလည်းရှာမတွေ့တော့ပေ။ ထိုအခါရွေးချယ်ရတဲ့လမ်းက.....
~ 🍁 ~
"ဂျွန်ဂျောင်ဂုပြန်ရောက်ရင် စာကြည့်ခန်းလာဖို့ပြောလိုက်!!"
"ဖေဖေဘာတွေဖြစ်နေတာလဲ? တခုခုကိုဒေါသထွက်နေသလိုပဲ.."
"ဒီလိုပါပဲ"...
.........
"ကျနော့်ကိုခေါ်တယ်ဆိုလို့ပါ"
"ဟုတ်တယ်.."
