𝟼♡

1.3K 201 51
                                    

[UNICODE]

"လက်ထပ်ထားတာ၂နှစ်ရှိပြီ ဘာလို့ကလေးမယူသေးတာလဲ.. ကလေးယူသင့်နေပြီ"

".........."

အဖေဖြစ်သူရဲ့စကားသံအဆုံးမှာ ထမင်းဝိုင်းမှာ အပ်ကျသံမကြားလောက်အောင်ပင် တိတ်ဆိတ်သွားတော့တယ်.. ဂျောင်ဂုဘာမှမပြောဘဲ ခေါင်းငုံ့ထားလိုက်ကာ လက်ထဲကဇွန်းခရင်းကိုပြန်ချလိုက်တော့ ဂျီဝန်းကလှည့်ကြည့်လာတယ်..

"သမီးကအဆင်သင့်မဖြစ်သေးလို့ပါ.. နှစ်ယောက်လူံးကလည်းအလုပ်လုပ်နေတုန်းအချိန်မို့လို့ ကလေးယူဖို့နောက်ဆုတ်ထားတာပါ"

"မင်းတို့လင်မယားလိုနေနေကြတာရောဟုတ်ရဲ့လား.. မင်းတို့ကိုကြည့်လိုက်တိုင်းလင်မယားတွေလို့မခံစားရဘူး"

"......"

"နှစ်ယောက်ကလက်ထပ်ထားပြီးသားဆိုတာမမေ့နဲ့ ကွာရှင်းပြတ်စဲတာတို့ ဘာတို့ပြဿနာတခုမှမကြားချင်ဘူး.. သံယောဇဥ်တွေပိုတိုးအောင် ကလေးယူဖို့ကြိုးစားကြပါ"

".........."

"ကြားလား! သမက်ဂျွန်ဂျောင်ဂု..."

"ဗျာ.. ဟုတ် ဟုတ်ကဲ့"

အဖေဖြစ်သူစားပွဲဝိုင်းကထသွားတော့ သူပါထထွက်လာလိုက်ပြီး ဆေးရုံကိုပဲသွားလိုက်တော့တယ်.. ကလေးယူဖို့ခဏခဏပြောနေပေမဲ့ ဒီတခါကတော့အရင်နဲ့မတူ သေသေချာချာအလေးအနက်ပြောသွားသည့်ပုံစံပင်.. ဒီထက်ပိုလာမယ့်ဆက်ဆံရေးတွေကိုမလိုလားတာပေ ... Hyungအမြန်သတိရလာရင်တော့အရာအားလုံးပြောင်းလဲသွားနိုင်ပါတယ်...။

~ 🍁 ~

တရားမဝင်သတင်းပေးဆိုသည့်အတိုင်း ဝင်ငွေကတော့ကောင်းလှတယ်.. ဒါပေမဲ့ဒါတွေကတော့ သူစွန့်လွှတ်မှာ.. အခုတော့မဟုတ်သေးပေမဲ့ပေါ့..။ Hyungအတွက်လည်းဆေးစရိတ်မကုန်သည်မို့ ဒီအတောအတွင်းစုမိထားတဲ့ပိုက်ဆံနဲ့ ဂျီဝန်းဆီကပိုက်ဆံကိုပြန်ဆပ်လိုက်ပါတယ်.. ပြီးတော့ဘယ်မှမသိအောင်ကွန်ဒိုကိုလည်းဝယ်ထားပြီးပြီး.. Hyungကိုပဲလိုအပ်တော့တာ..။

📳 Bzzzzzz.... Bzzz....

"ဟယ်လို"

"လူနာကင်မ်ဆော့ဂျင်သတိရလာပါပြီ"

𝖠𝗅𝗐𝖺𝗒𝗌 [✔]Where stories live. Discover now