[UNICODE]
"ဆော့ဂျင်!!! ဂျောင်ဂုဆီကဖုန်းလာတယ်.."
"ဗျာ!! လာ..လာပါပြီ"
ကူးငယ်ဆီကဖုန်းလာတယ်ဆိုတော့ ဖုန်းအငှားပြောဆိုင်ဆီ သူ့မှာအပြေးအလွှား.. အရင်ကတော့ဖုန်းတလုံးရှိပေမဲ့ ဒါကကူးငယ်ကိုပေးလိုက်တော့ မရှိတော့ပေ.. ကူးငယ်ကျောင်းစရိတ်အတွက်လည်းပိုက်ဆံလိုသေးတော့ အသစ်လည်းမဝယ်နိုင်သေးတာကြောင့် အငှားဆိုင်ကဖုန်းဖြင့်သာ... ။
"Hello"
"ကူး..ကူးငယ်~"
"Hyungကကြာလိုက်တာဗျာ.. စောင့်နေရတာ.."
"Hyungအမြန်ဆုံးပဲပြေးလာခဲ့တာပါ.. ဟိုမှာအဆင်ပြေရဲ့လား.. ဘယ်လိုနေလဲဟင်.. စာရောလိုက်နိုင်ရဲ့လား.. ပိုက်ဆံရောလိုသေးလား.. Hyungပို့ပေးလိုက်တယ်.."
"မလိုပါဘူး.. ကျနော်အကုန်အဆင်ပြေပါတယ်.. Hyungလည်းနေကောင်းအောင်နေနော်.."
"အင်းပါ.. ကူးငယ်ဘယ်တော့ပြန်လာမှာလဲ Hyungအရမ်းသတိရတာပဲ.."
"ကျောင်းတက်ရတာသိပ်မကြာသေးဘူးလေ.. ကျောင်းပိတ်မှပြန်လာရမှာ.. ဖုန်းချလိုက်တော့မယ်နော် ဒါပဲ့Hyung"
"ခဏ.. ခဏလေးပါ.. ဘာစကားမှသိပ်မပြောရသေးဘူးလေ.. Hyungက ကူးငယ်အသံလေးကိုလည်းလွမ်းနေတာ.."
"အငှားဆိုင်ကဖုန်းမှာအများကြီးမပြောချင်ဘူး.."
"ဘာလို့လဲ"
"ဘေးမှာအခြားလူတွေလည်းရှိနေတယ်မယ့်လား... Hyungက ကျနော့်ကိုလွမ်းတဲ့အကြောင်းတွေမပြောနဲ့.. အစကတည်းက ရွာကလူတွေက ကျနော့်တို့နောက်ကွယ်မှာဘယ်လိုတွေအတင်းပြောနေလဲဆိုတာ Hyungမသိလို့လား"
"ဟို.. Hyungဖုန်းဝယ်လိုက်ပါ့မယ်.. ဒါဆိုကူးငယ်နဲ့ဖုန်းအကြာကြီးပြောလို့ရလား.."
"အင်း.."
ရွာကလူတွေသူတို့ကိုဘယ်လိုပဲပြောပြော သူဂရုမစိုက်ပေ.. သူစိတ်လည်းမဝင်စားဘူး.. သူတို့တွေပြောတာတွေထဲအမှန်တွေလဲပါနေပေမဲ့ သူမသိချင်ယောင်ဆောင်ရင်းသာ နေသားကျအောင်နေတယ်.. ကူးငယ်ကတော့ ရွာမှာကတည်းက လူငယ်လည်းဖြစ်တော့ သူငယ်ချင်းတွေကြားမှာ ဒီလိုစကားတွေအပြောခံရမှာကိုရှက်တယ်.. ကူးငယ်အရှက်မရအောင်လည်း လူတွေရှေ့မှာအမြဲအနေအထိုင်ဆင်ခြင်ရတယ်..။
![](https://img.wattpad.com/cover/342291243-288-k626532.jpg)