"က်ိုကို မင်းက သွက်သွက်ခါအောင်ရူးနေတာဘဲ"
ဒါဟာ သည်းခံနိုင်ခြင်းတွေမရှိတော့တဲ့အဆုံး ယိုစိမ့်ပေါက်ကွဲထွက်လာတဲ့ မီးတောင်ချော်ရည်တွေလို သူ့ရဲ့ဒေါသတွေ။
ကိုကိုတစ်ဖြစ်လဲ သူဒေါသထွက်နေတဲ့သူကတော့ သူ့စကားတွေကိုအရေးလုပ်ခြင်း တစ်စိုးတစ်စမျှမရှိ။
"ဟုတ်လား ဘေဘီ ဆက်ပြောပါဦး"
ပြောပြီးသည်နှင့် ကိုကိုက အရှေ့ကိုတစ်လှမ်းတိုးလျက် သူ့ပါးပြင်က်ိုထိကပ်ပွတ်သပ်လာသည်။ ကိုကို့ရဲ့မျက်ဝန်းတွေထဲမှာတော့ အရောင်တွေကင်းမဲ့နေတာကို သူမြင်ရတယ်။ ထိုအခိုက် သူသိလိုက်တယ်။ ကိုကိုက သူပြောတာတွေကိုဘယ်လိုမှဂရုစိုက်မှာမဟုတ်ဘူးဆိုတာကို။ ဒီအချိန်မှာ ကိုကိုက အသိလွတ်နေတဲ့ သားရဲတစ်ကောင်လိုဘဲဖြစ်နေမှာ။
"ကိုကို မင်းလုပ်ရက်တွေကိုမှန်တယ်လို့မထင်နဲ့နော် ဒီကိစ္စမှာ မင်းတော်တော်လွန်တယ် သဝန်တိုတတ်တာကိုနားလည်ပေမယ့် အခုဟာက ငါ့ကိုရောတစ်ဖက်သူကိုရော မင်းကစော်ကားလိုက်သလိုဘဲ မင်းတော်တော်ဆိုးတယ် ကိုကို မင်းအဲ့ဒါကိုသိရဲ့လား"
"ဟုတ်လား? က်ိုယ်ကဆိုးတာလား?"
ကိုကိုက ခနဲ့သလိုတစ်ချက်ပြုံးတယ်။ ကိုကို့ရဲ့လက်တွေက သူ့ပါးကိုပွတ်သပ်နေတာကနေလဲရပ်မသွားဘူး။ ပြီးတော့ ကိုကို့ရဲ့မျက်ဝန်းတွေကလဲ သူ့မျက်ဝန်းတွေကိုကြည့်မနေဘူး။ ကိုကို့ရဲ့မျက်ဝန်းတွေ ဦးတည်ရာကတစ်ခုတည်း...
"ကိုကို မင်းမရွဲ့နဲ့"
"ကိုယ်မရွဲ့ပါဘူး ဘေဘီရဲ့"
"သူများစကားပြောနေရင် သေချာနားထောင်ပေးရမယ်ဆိုတာ မင်းမသိဘူးလား"
"ဟော...ကိုယ်နားထောင်ပေးနေပါတယ် ဘေဘီရယ်"
ခုမှ သူ့မျက်ဝန်းတွေကိုဆုံလာတဲ့ ကိုကို့မျက်ဝန်းတွေက လှတော့လှပါရဲ့။ ဒါပေမယ့် သူက ဒီလိုကိုကို့ကို ဆက်ပြီးဆွဲမကိုင်ထားချင်တော့ဘူး။ ဆက်ပြီးမရစ်နွယ်ချင်တော့ဘူး။
"မင်းနဲ့မဖြစ်တော့ဘူးဘဲ ကိုကို ငါတို့-"
သူ့ရဲ့စကားလုံးတွေကို ရပ်တန့်သွားစေတဲ့ တရားခံက နှုတ်ခမ်းပါးတစ်စုံ။ သူ့နှုတ်ခမ်းတွေထက် လာရောက်ကျုးကျော်လာတဲ့ နှုတ်ခမ်းပါးတစ်စုံက နူးညံ့မှုတို့နည်းပြီး အရိုင်းဆန်မှုတွေသာ အလျှံအပယ်ဖြစ်နေသည်။ ကိုကိုက အရိုင်းဆန်ခြင်းတွေအပြည့်နဲ့ ကြမ်းတမ်းမှုတွေအပြည့်နဲ့ ကျူးကျော်ရောက်ဝင်ရောက်လာသည်။ သူရုန်းပေမယ့် ရုန်းမရအောင်လဲ ကိုကိုကသန်မာလှတဲ့လက်နဲ့ သူ့ခါးကိုဖက်တွယ်ထားပြီး ကျန်လက်တစ်ဖက်ကလဲ သူ့ကိုလွတ်မထွက်သွားစေရန် သူ့ဦးခေါင်းကိုပါထိန်းကိုင်ထားသေးတာ။ ကိုကိုက ဒီလိုနေရာမှာလဲ တော်လွန်းတာဘဲ။
YOU ARE READING
Mania You // SungJake (Completed)
FanfictionNo matter if I become your nightmare or your fear, I will still love you ever The whole fiction is just an author's imagination