7

1.1K 125 24
                                    

ချစ်ခြင်းတွေထပ်တူကျခြင်းနောက်မှာ ပန်းခင်းလမ်းတွေဘဲရှိလိမ့်မယ်လို့တွေးထင်ခဲ့ဖူးတယ်။

တစ်ယောက်ကိုတစ်ယောက်ချစ်နေတာကြောင့် ချစ်ခြင်းတွေက ထပ်တူကျကာလှပတာကြောင့် ဘာပြဿနာဘဲဖြစ်လာဖြစ်လာ အကုန်အတူကျော်ဖြတ်နိုင်ပြီး ပန်းခင်းလမ်းကိုဘဲအတူလျှောက်ရလိမ့်မယ်လို့ ထင်ခဲ့ဖူးတယ်။

သို့ပေမယ့် ဤသည်က ကြယ်တွေကိုခူးဆွတ်နိုင်တယ် လမင်းကြီးကိုအရယူနိုင်တယ်လို့တွေးထင်ခဲ့တဲ့ ကလေးတစ်ယောက်ရဲ့အတွေးတွေနဲ့တူတယ်။ ငယ်ရွယ်နုနယ်သေးတဲ့ ကလေးတစ်ယောက်ရဲ့အတွေးတွေလိုမျိုး မဖြစ်လာနိုင်ခြင်းတွေကို တွေးထင်မိခဲ့တဲ့ စိတ်ကူးယဉ်မှုတွေလိုမျိုးဘဲ။

အရာရာက ပန်းခင်းလမ်းဖြစ်မနေဘူး။ တစ်ယောက်ကိုတစ်ယောက်ချစ်နေရုံနဲ့ ချစ်ခြင်းတွေထပ်တူကျနေရုံနဲ့ အရာရာကလှပပြီး ကောင်းမွန်မနေဘူး။ ဒါက အကြောက်တရားတွေအပြည့်အဝကိုလက်ခံရရှိပြီးနောက် အိမ်မက်ဆိုးတစ်ခုရဲ့ တစ်တိတိနဲ့တိုက်စားမှုကိုခံရပြီးနောက် ဒဏ်ရာဒဏ်ချက်တွေနဲ့ သွေးအလိမ့်လိမ့်ထွက်နေတဲ့ သူ့နှလုံးသားကပေးလာတဲ့အဖြေ။ သူကိုယ်တိုင်သိလာရတဲ့အရာတစ်ခု။

ပန်းခင်းလမ်းလို့ထင်ခဲ့မိခြင်းရဲ့ပြောင်းပြန် ဆူးခင်းလမ်းဘဲ။ လျှောက်မိရုံနဲ့ ဒဏ်ရာအပြည့်အဝရစေနိုင်ပြီး အကြောက်တရားတစ်နင့်တစ်ပို့နဲ့ မျက်ရည်အလျှံအပယ်နဲ့ အဆိုးဝါးဆုံးအရာတွေနဲ့ဘဲ ဒီလမ်းက ဒွန့်တွဲနေတာ။

ဒီရက်သူအိမ်မက်ဆိုးတွေဘဲ မက်နေရတယ်။

သူချစ်ရတဲ့သူက သူ့အိမ်မက်ဆိုးဖြစ်လာနေတဲ့အခါမှာတော့ သူ့နေ့ရက်တွေမှာ ကောင်းမွန်ခြင်းဆိုတဲ့နေရောင်ခြည်က သေးသေးလေးတောင် ဖြာမကျနေတော့ပါချေ ။






အိမ်မက်ဆိုးတစ်ခုကနေ လန့်နိုးလာတဲ့ ဂျယ်ယွန်း မျက်ဝန်းတို့ကိုဖွင့်လိုက်ချိန်မှာတော့ အသက်ရှုသံတစ်ခုက သူ့အနီးနားမှာရှိနေသည်။ သူပုခုံးသားတွေကိုလိုက်လံနမ်းရှုံ့နေတဲ့ ကိုကို့ရဲ့အသက်ရှုသံဖြစ်ကြောင်း အသိဝင်လာချိန်မှာတော့ သူသိလိုက်ရသည်။

Mania You // SungJake (Completed)Where stories live. Discover now