ချစ်ခြင်းမေတ္တာတွေအနာတရဖြစ်သွားပုံက ကြောက်စရာတော့သိပ်ကောင်းတယ်။
ဆူးအပြည့်ခြံရံနေတဲ့ နှင်ဆီးနီတစ်ပွင့်ကိုရူးရူးမိုက်မိုက်ဆုပ်ကိုင်ထားသလိုမျိုး..
ပူလောင်နေတဲ့မီးစကို နာနာကျင်ကျင်နဲ့ ရင်မှာထွေးပွေးထားသလိုမျိုး..
အဲ့သလိုမျိုး အနာတရနဲ့ ဒဏ်ရာတွေက ပြည့်သိပ်လာတတ်တယ်။ တကယ်တမ်းဆို သူတို့က မီးထဲကိုတိုးဝင်ကြတဲ့ ပိုးဖလံလေးတွေ ဖြစ်ခဲ့ကြတာပါပဲ ။
...
"မင်းဘက်ကဘယ်လိုဖြစ်ဖြစ် ငါဂရုမစိုက်ဘူး ဆောင်းဟွန်း .. ငါ့ဘက်ကတော့မင်းနဲ့လမ်းခွဲမယ်"
ပြတ်သားခြင်းတွေက ဂျယ်ယွန်းထံမှာတစ်ရိပ်ရိပ်။ တကယ်တော့ သူခြေလှမ်းတို့က ခိုင်နေတာတော့မဟုတ်ဘူး။ နောက်ပြီး သူ့ရင်အစုန်ကလဲတည်ငြိမ်နေတာမဟုတ်ဘူး။ စိုးထိတ်ခြင်းတွေဆီမှာ မာရသွန်းပြေးသမားလိုမျိုး မောဟိုက်စွာနဲ့ ပြေးလွှားနေရတာ။
"ငါတို့ပြီးသွားပြီ ဆောင်းဟွန်း"
နောက်ဆုံးအချိန်အထိ အရမ်းကြီးပုံပျက်ပန်းပျက်ဖြစ်မနေခြင်းအပေါ် ဂျယ်ယွန်းကတော့ တော်သေးတယ်လို့ထင်သွားမိသည်။ ပြီးဆုံးတော့မယ့်ဆက်ဆံရေးတစ်ခုရဲ့ နောက်ဆုံးပုံရိပ်မှာတော့ သူက သူ့အဖြစ်ကို အရှုံးသမားလိုမျိုး မဆိုးဝါးစေချင်ဘူး။
အသိစိတ်လွတ်စွာ ရပ်ကြည့်နေတဲ့ ကိုကို့ကို ဂျယ်ယွန်းတစ်ချက်သာကြည့်ပြီးနောက်တော့ ကျောခိုင်းလိုက်သည်။ သူဒီရပ်ဝန်းကနေ အမြန်စွန့်ခွါသွားမှဖြစ်ပါလိမ့်မယ်။
သို့ပေမယ့် လှည့်ထွက်သွားတော့မည့်သူ့ရဲ့လက်ကို ခပ်နွေးနွေးလက်တစ်ဖက်ကဆုပ်ကိုင်လာတဲ့အခါ..
"မသွားနဲ့"
သူ့လှည့်ကြည့်မိတော့ ညှိုးနွမ်းနေတဲ့ကျူးလစ်ဖြူလေးတစ်ပွင့်ကို သူမြင်ရသည်။
"ကိုယ့်ကိုထားမသွားပါနဲ့ မသွားပါနဲ့ ဘေဘီရယ်"
ဂျယ်ယွန်းမျက်နှာထက်မျက်ရည်တို့က စီးကြောင်းထန်နေပြီး အခုသူငေးမောကြည့်နေမိတဲ့မျက်နှာလှလှထံမှာလဲ အရည်ကြည်စီးကြောင်းတို့က မြစ်ဖျားခံနေတာပါပဲ။
YOU ARE READING
Mania You // SungJake (Completed)
FanficNo matter if I become your nightmare or your fear, I will still love you ever The whole fiction is just an author's imagination