18

803 101 12
                                    

လူတစ်ယောက်က အခြားလူတစ်ယောက်ကို ချစ်မိခြင်းကစလို့ ထွက်ပေါ်လာခဲ့တဲ့ မြောက်များစွာသော ချစ်ခြင်းထုတ်ဖော်နည်းတွေမှာ ချစ်ခြင်းမေတ္တာတွေ ဘယ်လောက်အတိုင်းအတာအထိ ယိုစိမ့်နိုင်လောက်မလဲ။

တကယ်တော့ သူက ဒီမေးခွန်းရဲ့အဖြေကိုမသိဘူး။ ဆိုရရင်တော့ သူက အခြားသူတစ်ဦးရဲ့ ချစ်ခြင်းမေတ္တာအတိမ်အနက်တွေအကြောင်းမသိလှပါဘူး။ အများကြီးချစ်တယ်ဆိုတဲ့ စကားလုံးရဲ့အနက်အဓိပ္ပာယ်လိုမျိုး များပြားတဲ့ချစ်ခြင်းတရားတွေရှိကြောင်း သိခဲ့ပေမယ့် ဒီများပြားတဲ့ချစ်ခြင်းမေတ္တာတွေကို အတိုင်းသားမြင်နိုင်ခံစားနိုင်ဖို့အကြောင်းဖန်လာခဲ့တဲ့အခါ အံ့ဩမင်သက်ရမှုတွေက ကမ္ဘာရပ်တန့်ခြင်းဖြစ်စဉ်နောက်မှာ ကပ်ပါလာတော့တာပါပဲ။

ဂျယ်ယွန်းရဲ့ခြေလှမ်းတို့ နေရာမှာတင်ရပ်တန့်နေသည်မှာ အချိန်အတော်ကြာတဲ့အထိ လှုပ်၍မရသေး။ ခြေလှမ်းတွေကသာ ရပ်တန့်နေပေမယ့် သူ့ရဲ့မျက်စံနက်နက်တို့ကတော့ ရွေ့လျားနေကာ အခန်းအတွင်းနံရံတွေထက် ပြေးကာလွှားလို့။

အခုသူမြင်နေရတဲ့ နံရံတွေထက်မှာ ပန်းချီကားတွေရှိနေတယ်။ ပုံတူပန်းချီကားတွေ .. ရှင်းရှင်းဆိုရလျှင် သူသိပ်ကိုရင်းနှီးလှတဲ့ ဒီကမ္ဘာပေါ်မှာသူအရင်းနှီးသူရဲ့ပုံတွေ။ အခု ဂျယ်ယွန်းမြင်နေရတဲ့ပန်းချီကားတွေထက်မှာတော့ သူ့ရဲ့ပုံတူပေါင်းများစွာ ရှိလို့နေပါသည်။

ရှင်းမ်ဂျယ်ယွန်းရဲ့ အခိုက်အတန့်တော်တော်များများက စုတ်ချက်တွေအောက်မှာ လှလှပပရေးဆွဲခြင်းခံထားရသည်။ ပန်းချီကားတွေထက်မှာ သူပြုံးနေတဲ့ပုံတွေလဲရှိတာပဲ။ တစ်ခုခုကိုအားရုံစူးစိုက်နေတဲ့ပုံတွေလဲရှိသလို ဘယ်သူမှမြင်ဖူးမှာမဟုတ်တဲ့ လူတစ်ဦးသာမြင်ဖူးမယ့် သူ့ရဲ့အခိုက်အတန့်တစ်ချို့က ပုံတွေလဲရှိနေတာပဲ။ စောင်တွေနဲ့ထွေးပွေးနေတဲ့ သူတောင်မမှတ်မိတဲ့ ပုံရိပ်တစ်ခုက အခုသူ့မျက်စိရှေ့က ပန်းချီကားတစ်ခုထက်မှာ နေရာယူထားလေတော့ ဂျယ်ယွန်းမျက်နှာဟာ ရှိန်းခနဲတောင်ဖြစ်သွားမိသည်။

နောက်ပြီး ဒီပုံတွေဟာ ဘယ်သူဆွဲထားတယ်လို့မေးခွန်းမေးစရာမလိုအောင်ကို ဒီအခိုက်အတန့်တွေကိုမြင်ဖူးသူမှာ တစ်ဦးတည်းသာရှိသည်မို့ ပန်းချီကားတွေပိုင်ရှင်အား အထွေအထူးလိုက်ရှာနေရန် မလိုအပ်ချေပါ။

Mania You // SungJake (Completed)Where stories live. Discover now