"ငါမနက်ဖြန်အိမ်ပြန်မယ်"
ကားအတွင်းလေထုမှာတော့ အပြင်ဘက်မှာ တိုက််ခတ်နေတဲ့လေပြည်အေးတွေလိုမျိုး အေးစက်စက်။ နှစ်ဦးသားရဲ့ ကိုယ်စီအသက်ရှုသံကလွဲ တိတ်ဆိတ်ငြိမ်သက်နေသည့် သည်နေရာမှာ တောက်လောင်နေတဲ့မီးတို့ကတော့ နှစ်ဦးလုံးရဲ့ရင်ထဲမှာမတူညီတဲ့ပုံစံကွဲတွေနှင့်။
ဂျယ်ယွန်းရဲ့အပြောကိုတော့ ကိုကိုကပြန်လည်တုန့်ပြန်လာခြင်းမရှိပါ။ တကယ်ဆို သူကိုယ်တိုင်ကလဲ ကိုကို့ဆီက ပြန်လည်ပြောလာမည့်စကားကိုမလိုချင်နေပါဘူး။ သူ့မှာ ကိုကိုနဲ့စကားပြောချင်စိတ်မရှိဘူး။ ဒါက ဒီအတိုင်း သိအောင်အသိပေးရုံတစ်ခုပဲမို့။
အိမ်ပြန်ရောက်တဲ့အထိ သူတို့ကြားမှာ ငြိမ်သက်မှုက အေးစက်ခြင်းတွေနှင့် အဖျားခက်ကာလှိုင်းထနေတုန်း။ အိမ်ထဲရောက်သည်နှင့် ကိုကိုကလဲ သူ့အခန်းသူသာဦးတည်ထွက်သွားသလို ဂျယ်ယွန်းမှာလဲ ဒီအိမ်မှာရှိနေတဲ့ သူ့အခန်းထဲကိုသာ ဝင်သွားလိုက်တော့သည်။
ကျယ်လောင်စွာပိတ်သွားတဲ့ တံခါးပိတ်သံကိုလဲကြားသည်။ နောက်ပြီး သေချာနားစွင့်ကြည့်ရင် တစ်ခုခုတွေကိုပစ်ပေါက်ခွဲသံတွေကိုလဲ ခပ်သဲ့သဲ့ကြားရသည်။
ဂျယ်ယွန်းကတော့ တံခါးကိုမှီထားရင်း မျက်မှောင်တို့ကိုသာ ညစ်နွမ်းနေတဲ့ စိတ်တို့နှင့် ကျုံ့မိလိုက်သည်။
သူဟာ နောက်တစ်ကြိမ်ထပ်ပြီး ဒီစိတ်ပျက်စရာအခြေအနေကြီးကိုကြုံတွေ့ရပြန်သည်။ အဖန်ဖန်အခါခါပြန်လည်ထပ်နေမယ့် ဝဋ်ကြွေးကံကြမ္မာထဲမှာပိတ်မိကာ မလွတ်မြောက်နိုင်သလိုခံစားရပြီး ဘယ်လိုအခြေအနေမှာဖြစ်ဖြစ် ဒီအတိုင်းသာဆက်သွားရင် ကိစ္စရပ်တွေက ဒီလိုတွေချည်းပဲ ထပ်ကာထပ်ကာ ထပ်တလဲလဲဖြစ်နေတော့မည်ဟု သူထင်မိလာသည်။
သူက ကိုကိုနှင့်အတူဆက်ရှိနေပါသရွေ့ ဒီလိုကိစ္စရပ်တွေက ဆက်ကာဖြစ်နေဦးမည်ဟုထင်သည်။
ညှိုးနွမ်းကာ တောက်လောက်နေတဲ့ ဂျယ်ယွန်းစိတ်တို့ကတော့ ကူရာမဲ့တဲ့အခြေအနေမှာ။ ကိုယ်လက်သန့်စင်တာတောင် မလုပ်နိုင်တော့ဘဲ အားအင်ချိနဲ့စိတ်ပင်ပန်းစွာနဲ့ ကုတင်ထက်ကိုသာ ပစ်လှဲလိုက်ရတော့သည်။ မျက်ဝန်းတို့ကိုမှိတ်ထားသော်ငြား မှုန်ကုပ်ကာစိတ်ကျဉ်းကျပ်နေသည့် မျက်နှာမှာတော့ မပြေလျော့သွား။
YOU ARE READING
Mania You // SungJake (Completed)
FanfictionNo matter if I become your nightmare or your fear, I will still love you ever The whole fiction is just an author's imagination