ကိုကိုဟာ ဂျယ်ယွန်းကိုစကားမပြောသလို ဂျယ်ယွန်းသည်လည်း ကိုကို့ကိုစကားမပြော။
မနက်က အသည်းတစ်ခြမ်းလှူမယ့်ကိစ္စအတွက် အခြေအတင်ဖြစ်ပြီးနောက်ပိုင်း အခုလိုသူတို့ကြား တိတ်ဆိတ်ခြင်းတွေက ဝင်ရောက်လာပြီး အခုလိုမျိုး နှစ်ယောက်စလုံးစကားမပြောကြတော့တာပင်။
ကုတင်ထက်မှာလဲလျောင်းနေတဲ့ ကိုကိုက သူ့ကိုကျောပေးထားပြီး ဂျယ်ယွန်းမှာ လူနာစောင့်တွေအတွက်ထားရှိတဲ့ ဆိုဖာပေါ်မှာထိုင်ရင်း စိတ်မဝင်စားနေသည့် ဖုန်းကိုသာ ကြည့်နေမိသည်။
တကယ်ဆို ဂျယ်ယွန်းက အခုလိုမျိုးအခြေအနေကြီးကို အဆင်ပြေနေလှသည်မဟုတ်ပါ။ စိတ်ရှုပ်ထွေးပြီး စိတ်ညစ်ရပါသည်။ ကိုကို့ကျန်းမာရေးအခြေအနေမကောင်းနေသည့်အခြေအနေမှာ ဂျယ်ယွန်းက ကိုကိုနဲ့ ဘာဆိုဘာမှမဖြစ်ချင်ဘူး။ ဒါပေမယ့် အဲ့လိုဆိုတိုင်းလည်း ဂျယ်ယွန်းက အခုတစ်ခေါက်ကိစ္စအား ကိုကို့အလိုအတိုင်းလိုက်လျောပေးမည့်သဘောတော့မဟုတ်ပေ။
ဂျယ်ယွန်းဟာ အခုတစ်ခေါက်တွင်တော့ တကယ်ကို သူ့ဆန္ဒ သူ့အတွေးအတိုင်းသွားမှာပင်။ ဒီအချိန်မှာတော့ ဂျယ်ယွန်းက ကိုကို့ကိုအလျော့ပေးတာတွေ ကိုကို့စကားနားထောင်တာတွေကို ဘယ်လိုနည်းနဲ့မှမလုပ်တော့ပါ။
ကိုကိုတောင်မှ ဂျယ်ယွန်းအတွက် ရူးမိုက်တာတွေလုပ်ခဲ့သေးတာပဲ ဂျယ်ယွန်းကလည်း ကိုကို့အတွက် ရူးမိုက်တာတွေကို ပြန်လုပ်တဲ့သဘောမျိုးပါပဲ။
ထိုသည်ကြောင့် ဂျယ်ယွန်းဟာ အခုတစ်ခေါက်တွင်တော့ ကိုယ့်ဆန္ဒကိုသာရှေ့တန်းတင်ထားသည်။ ဒါဟာ ပြိုင်ပွဲဆိုလဲ ပြိုင်ပွဲပဲပေါ့။ ဒီတစ်ခေါက်တော့ ဂျယ်ယွန်းက ကိုကို့ကို ဘယ်လိုနည်းနဲ့မှ အရှုံးပေးမည်မဟုတ်။ ဒါတွေအကုန်က ကိုကို့အတွက်ရယ်မို့ ဂျယ်ယွန်းက လုံးဝအရှုံးပေးမှာမဟုတ်ပါချေ။
အဲ့သလိုနဲ့ အေးစက်တဲ့လေထုကြားမှာ နာရီလက်တံတွေက တရွေ့ရွေ့ ရွေ့လျားကုန်ဆုံးလာခဲ့သည်။
နေ့လည်စာ ထမင်းစားချိန်ရောက်လာသည့်အခါတွင်တော့ ဂျယ်ယွန်းက ကိုကိုနေ့လည်စာစားဖို့ပြင်ဆင်တာတွေလုပ်ရသည်။ ဒီနေ့လဲ ကိုကိုမစားချင်သည့် ဆန်ပြုတ်ကြီးပဲမို့ ဂျယ်ယွန်းစိတ်ထဲ ဒီလိုအခြေအနေမှာ ဒါကိုစားဝင်အောင် ဘယ်လိုကျွေးရပါ့မလဲဆိုတာကို ခက်ခက်ခဲခဲတွေးကာ အကျပ်ရိုက်နေရတော့၏။
YOU ARE READING
Mania You // SungJake (Completed)
FanfictionNo matter if I become your nightmare or your fear, I will still love you ever The whole fiction is just an author's imagination