20

965 94 49
                                    


Edit - Part 20 ပျောက်သွားပြီး ခုမှပြန်ရလာလို့ပါ



ဒီလိုနဲ့ ပီတာအဖြစ်နဲ့ ဆောင်းဟွန်းရဲ့ နေ့ရက်တို့မှာ ဖြစ်တည်မှုလေးတစ်ခုဟာ အပြုံးလှလှလေးတွေကိုဆင်မြန်းရင်း ကပ်ပါလာတော့လေ၏။

"ဂျယ်လီလာကျွေးတာ"

"ဆေးရောင်အတူခြယ်ရအောင်"

"ပန်းခြံထဲသွားကြမလား"

"ကာတွန်းကားအတူကြည့်ရအောင်"

"ရွှေမှုန်လေးတွေ ဘယ်တော့ကြဲပြမှာလဲ"

အသံစာစာလေးတစ်ခုဟာလဲ ဆောင်းဟွန်းရဲ့ နေ့ရက်တွေမှာ ခပ်စိတ်စိတ်လေးနေရာဝင်ယူလာခဲ့သည်။

ဆောင်းဟွန်းကပဲ တစ်ထစ်လျှော့ပေးခဲ့သည်လား မဟုတ်လဲ ဂျယ်ယွန်းကပဲ ခြေလှမ်းသွက်ခဲ့သည်လား။ ဘာကြောင့်လဲမသိပေမယ့် သူတို့ကြား ခင်မင်မှုတွေ ချည်နှောင်မှုတွေဟာ တစ်ရစ်ပြီးတစ်ရစ် တိုးလာခဲ့သည်။ ဆောင်းဟွန်းဟာ သူ့ဘေးခန်းက ကောက်ကွေးလေးတစ်ဦးကို သိပ်ကိုခင်မင်သွားခဲ့မိသည်မှာ သူကိုယ်တိုင်တောင် မသိနိုင်တဲ့အတိုင်းအတာအထိ။

"မင်းငါ့ထက်ငယ်တယ်မဟုတ်ဘူးလား"

"ဟုတ်တယ်လေ"

"အဲ့ဒါဆို ဘာလို့ ရွယ်တူလိုပြောနေတာလဲ"

ဆေးရောင်ခြယ်စာအုပ်ကိုခြယ်နေရာကနေ ခေါင်းထောင်လာတဲ့ မျက်နှာငယ်လေးဟာတော့ အူတူတူရုပ်လေးနှင့်။

"သူငယ်ချင်းတွေပဲလေ ရွယ်တူလိုပြောရမှာပေါ့"

"မရဘူး"

ဆောင်းဟွန်းထိုသို့ပြောလိုက်တော့ မျက်နှာငယ်လေးဟာတော့ အလိုမကျသွားဟန် မျက်ခုံးတို့ အနည်းငယ်လေး တွန့်ကွေးသွားသည်။

"ငါကမင်းထက်ကြီးတယ် .. အဲ့ဒါကြောင့်မို့ ငါ့ကို ကိုကိုလို့ခေါ်ရမယ်"

"မခေါ်နိုင်ပါဘူး ဘာကိုကိုလဲ ပီတာက ပီတာပေါ့"

အခုတစ်ခေါက်တွင် အလိုမကျဖြစ်သွားရသည်မှာတော့ ဆောင်းဟွန်းပင်။ သူ့ကိုပင် ပြန်လည်စွာနေတဲ့ ပိစိပေါက်စက ကိုကိုခေါ်ဖို့ကို ဘာလို့ငြင်းဆန်နေရတာလဲ။ ကိုကိုခေါ်ရတာ အဲ့လောက်ခက်ခဲလို့လား။

Mania You // SungJake (Completed)Where stories live. Discover now