မုန်တိုင်းတိုက်ခတ်ပြီးနောက်မှာ ကောင်းကင်ဟာ သက်တန့်ပေါ်၍ပြန်လည်ကြည်လင်တတ်ပါသော်လည်း ပြင်းထန်တဲ့မုန်တိုင်းတစ်ခုတိုက်ခတ်ခံရအပြီး သူ့အခြေအနေကတော့ ကြည်လင်သွားခြင်းအလျင်းမရှိပါချေ။
တစ်ညလုံးငိုကာအိပ်ပျော်သွားခဲ့၍ထင်ပါသည် နိုးလာချိန်တွင်တော့ သူ့ခေါင်းတစ်ခုလုံးဆိုးဝါးစွာကိုက်ခဲနေသည်။ မှန်ပေါ်မှာထင်ဟက်နေတဲ့ သူ့မျက်နှာကလဲ မျက်လုံးတို့ဖောင်းအစ်နေကာ ဆိုးဆိုးဝါးဝါးဖြစ်နေသည်မို့ မှန်ကိုတောင်ဆက်ကြည့်ချင်စိတ်မရှိတော့။
ဦးနှောက်ကိုအလုပ်မပေးတာတောင်မှ မဖိတ်ခေါ်ဘဲဝင်လာတဲ့အတွေးတို့ကြောင့် ရင်ဘတ်ကဒဏ်ရာက စတင်၍ပြန်လည်အောင့်လာပြီး အက်ကြောင်းပြန်ထန်လာသည်။
ဒါကို အိမ်မက်များဖြစ်ရင်ဆိုပြီး ဂျယ်ယွန်းက ဆုတောင်းနေမိတုန်းဘဲ။
ဒါက တကယ့်အမှန်မဟုတ်ဘဲ အိမ်မက်သာဖြစ်ရင်..
တစ်ညလုံးငိုကြွေးထားခဲ့ရတာကြောင့် ပင်ပန်းနေရပြီးဖြစ်တဲ့မျက်ဝန်းတို့က ပင်ပန်းရကောင်းမှန်းမသိပါ။ မျက်ရည်ကြည်ဥများကို စတင်၍မျက်ဝန်းတွေထဲတွင်ပြည့်လျှံလာစေသည်။
ဒါက နောက်ကျောကိုဓားထိုးခံလိုက်ရတာနဲ့တူတယ်။ မဟုတ်ဘူး ဒါက တကယ်ကိုနောက်ကျောဓားထိုးခံလိုက်ရတာ။ ယုံကြည်မှုကိုအလွဲသုံးစားလုပ်ခံရပြီး ပြင်းထန်တဲ့သေစေလောက်တဲ့ ဒဏ်ရာမျိုးကို ရစေတဲ့အထိ ဖြစ်စေတဲ့ အခြေအနေနဲ့ကြုံလိုက်ရတာ။
ဂျယ်ယွန်းက ဒီလောကမှာ ဖောက်ပြန်တဲ့လုပ်ရက်ကိုအမုန်းဆုံးဘဲ။ ဘယ်သူဘယ်ဝါဖြစ်နေပါစေ ဖောက်ပြန်တဲ့ လုပ်ရက်ကိုသာ လုပ်ခဲ့ရင် သူက အသွေးအသားထဲအထိစိမ့်နေအောင်မုန်းတတ်သည်။ အဲ့ဒါက သူ့အဖေအရင်းဖြစ်နေတောင်မှ ဂျယ်ယွန်းက မုန်းပစ်ခဲ့တာ။ အဲ့လောက်တောင် မုန်းတဲ့လုပ်ရက်ကို လုပ်လိုက်တဲ့သူက ကိုကိုဖြစ်နေတဲ့အခါ သူက ဘယ်လ်ိုအမုန်းမျိုးနဲ့များ ဘယ်လိုနာကျင်မှုတွေကိုဆွဲကိုင်ပြီး ကိုကို့ကိုမုန်းရမည်နည်း။
ဂျယ်ယွန်းမှာက မိသားစုစိတ်ဒဏ်ရာများစွာရှိခဲ့သည်။ ဖောက်ပြန်သွားတဲ့အဖေဖြစ်သူကြောင့် သားမိနှစ်ယောက်တည်းဘဝကိုဆက်ဖြတ်သန်းခဲ့ရတဲ့ဂျယ်ယွန်းထံမှာ နက်ရှိုင်းတဲ့စိတ်ဒဏ်ရာများစွာက နှလုံးသားရဲ့အောက်ခြေမှာ နစ်မြုပ်ကာရှိနေခဲ့သည်။ ဒါပေမယ့် ဂျယ်ယွန်းက ထိုစိတ်ဒဏ်ရာတွေကို ကိုကို့ကိုယုံကြည်တဲ့ ယုံကြည်မှုတစ်ခုတည်းနဲ့ဖျောက်ကာပစ်လိုက်တာ။ သူက ကိုကို့ကိုအပြည့်အဝယုံကြည်ပြီး သူ့ရဲ့အရာအားလုံးထက်ပါယုံကြည်သည်မို့ စိတ်ဒဏ်ရာတွေအကုန်လုံးကလဲ ကိုကိုနဲ့သာဆို အကုန်ပျောက်ကွယ်ပြီး တစ်စိုးတစ်စမျှမရှိဖြစ်ခဲ့တာ။
YOU ARE READING
Mania You // SungJake (Completed)
FanfictionNo matter if I become your nightmare or your fear, I will still love you ever The whole fiction is just an author's imagination