3

1.1K 135 24
                                    

"ကိုယ်မင်းကိုသဘောကျတယ် မဟုတ်ဘူး...ချစ်တယ်.ချစ်တယ် ဂျယ်ယွန်း ကိုယ်မင်းကိုချစ်တယ်"

ဒီဖွင့်ပြောခြင်းက မြန်ဆန်လွန်းခဲ့သလို ဒီဖွင့်ပြောခြင်းက သူ့ကို အံ့ဩလဲသွားစေခဲ့ပါတယ်။ တကယ်ဆ်ို သူတို့အဲ့တုန်းက သိကျွမ်းပြီးတာမှ တစ်လကျော်ကျော်လောက်ဘဲရှိသေးတာ။ သေချာစကားပြောဖူးတာကလဲ ငါးခါလောက်ဘဲ။ သူစိမ်းကိုမှ နည်းနည်းလေးသိကျွမ်းတဲ့ သူစိမ်းဘဲဖြစ်နေခဲ့တာ။ အဲ့ဒါကိုဘာကြောင့်များ ဆောင်းဟွန်းက သူ့ကိုချစ်နေမိတာမှန်း သူစဉ်းစားမရခဲ့ဘူး။

အဲ့တုန်းက ကြားကြားပြီးချင်း ဂျယ်ယွန်း တစ်ကိုယ်လုံး တောင့်ခဲသွားမိတယ်။ သူရင်တွေကတော့ သေချာပေါက်ကို ခုန်နေခဲ့ပါတယ်။ ဘာလို့ခုန်နေရတာလဲဆိုတဲ့ အဖြေကိုတော့ သူအဲ့တုန်းက မရှာဖွေလိုက်ဘူး။ အဲ့အစား သူက ဆောင်းဟွန်းမျက်ဝန်းထဲက ပြတ်သားခြင်းတွေကိုဘဲ တအံ့တဩကြည့်နေခဲ့မိတာ။ နောက်နေတာလားလို့ မမေးနိုင်လောက်တဲ့အထိ ဆောင်းဟွန်းရဲ့ မျက်ဝန်းတွေက သေချာပြတ်သားတိကျနေခဲ့တယ်။ ဆောင်းဟွန်းကမနောက်နေဘဲ အမှန်ကိုပြောနေကြောင်း ဆောင်းဟွန်းရဲ့စကားက တကယ်ကိုအမှန်ဖြစ်ကြောင်း ဆောင်းဟွန်းသူ့ကိုချစ်တယ်ဆိုတာက အမှန်ဖြစ်ကြောင်း ဆောင်းဟွန်းမျက်ဝန်းတွေက သက်သေတည်နေခဲ့တယ်။

ဝန်ခံပါတယ်။ အဲ့တုန်းက သူ ဆောင်းဟွန်းမျက်ဝန်းထဲက ပြတ်သားခြင်းတွေကြောင့် ဆောင်းဟွန်းကိုယုံကြည်သွားခဲ့မိတယ်။

ဂျယ်ယွန်းက တန်းတော့အဖြေမပေးခဲ့ပါဘူး။ သူက ဆောင်းဟွန်းကို နည်းနည်းဆက်စောင့်ကြည့်ခဲ့တယ်။ သူက ချစ်ခြင်းတရားကို အနည်းငယ်တော့ ကြောက်မိပေမယ့် သူ့စိတ်ထဲမှာတော့ ဆောင်းဟွန်းကိုယုံလို့ရကြောင်း စိတ်တွေကလဲ ဖြစ်တည်နေခဲ့ပြန်တယ်။ သူ့ရင်ထဲ အဲ့လိုစိတ်က ထုထည်ကြီးမားလာချိန်မှာတော့ သူက သူ့စိတ်သူသေချာသဘောပေါက်ပြီး သိသွားချိန်မှာတော့ ဆောင်းဟွန်းလက်ကို ဆုပ်ကိုင်ချင်မိလာတာ စိတ်ရင်းဖြစ်ကြောင်း သိလာတဲ့အချိန်မှာတော့ ဂျယ်ယွန်းက ဆောင်းဟွန်းကိုအဖြေပေးပြီး သူတို့ကြားက ဆက်ဆံရေးကိုတစ်ဆင့်တက်စေပြီး နှောင်ကြိုးတွေကို စချည်နှောင်ခဲ့မိတယ်။

Mania You // SungJake (Completed)Where stories live. Discover now