"ဒီဖန်လုံးလေးက ဂျယ်ဂျယ့်ကို စောင့်ရှောက်ပေးလိမ့်မယ်"
"ဝိုး တကယ်လား"
7 နှစ်အရွယ်ကလေးရဲ့တောက်ပနေတဲ့ မျက်ဝန်းလေးတွေကတော့ အပြာရောက်ဖန်လုံးလေးပေါ်မှာ။ သဘောတကျ ပြုံးရယ်လျက် ဖန်လုံးလေးကနေ ပီတာပန့်ကိုကြည့်လိုက်တော့ ပီတာပန့်ရဲ့မျက်ဝန်းလေးတွေကလဲ တောက်ပနေပြီး ပီတာပန့်ရဲ့အပြုံးတွေက သူ့ခေါင်းမှာစည်းထားတဲ့ ပတ်တီးဖြူဖြူထက်တောင်မှ တောက်ပနေပါသေးတယ်။
ဂျယ်ယွန်း လက်ထဲမှာလဲ အပြာရောင်ဖန်လုံးလေးက ရှိနေပြီး ပီတာပန့်လက်ထဲမှာလဲ သူနဲ့ဆင်တူအပြာရောင်ဖန်လုံးလေးတစ်ခု။ ဒါက သူတို့နှစ်ယောက်ရဲ့ဆင်တူပစ္စည်းလေးတစ်ခု။ ကလေးနှစ်ဦးရဲ့ အဖြူရောင်ချစ်ခြင်းတွေကို သက်သေပြနေတဲ့ အရာလေးရယ်ပေါ့။
"လှလိုက်တာ"
ဖန်လုံးလေးကိုလှုပ်ရမ်းလိုက်တဲ့အခါ ထွက်ပေါ်လာတဲ့ အလက်အလက်လေးတွေကိုလဲ ဂျယ်ယွန်းက လွန်စွာမှသဘောကျနေသေးသည်။ ထိုအချိန်တုန်းက အရာအားလုံးက လှပတာထက်ပိုလွန်းခဲ့ပါသည်။ ဖန်လုံးလေးကလဲလှပပြီး ပီတာပန်ကလဲချစ်စရာကောင်းပြီး အဲ့အခိုက်အတန့်က အရာရာက ထိုအတိတ်တွေက လှပလွန်းတာထက်ပိုခဲ့ပါသည်။
ဒါဟာ ပြန်မရနိုင်တော့တဲ့ အလှပဆုံးအစိတ်အပိုင်းလေးတစ်ခုရယ်ပါလေ။
.
ဒီနေ့တော့ သူ့ရဲ့နေ့ရက်က ကြည်ကြည်လင်လင်ရှိနေတယ်လို့ဆိုရမယ်။ နေရောင်ခြည်ကလဲ ဒီနေ့မှ ပိုလှပစွာ တောက်ပနေသလိုခံစားရပြီး သူ့ရင်ထဲက အစိုင်အခဲတွေကလဲ ခါတိုင်းထက်ထုထည်လျော့ပါးနေသလိုဘဲ။ ဒါက ညက သူအိမ်မက်ကောင်းခဲ့လို့ဖြစ်နိုင်တယ်။ ပီတာပန်နဲ့အခိုက်အတန့်တွေက သူ့အတွက်တော့ စိတ်ကြည်လင်စရာတွေကိုဖြစ်စေလို့လေ။
ဂျယ်ယွန်းခပ်ဖွဖွလေးပြုံးလိုက်သည်။ ဒီအပြုံးတွေမှာ နှစ်လိုမှုတွေပါပြီး လွမ်းဆွတ်မှုတွေကလဲ တစ်စိတ်တစ်ဒေသအနေနဲ့ပါဝင်ပါသေးတယ်။
အင်း ပီတာပန်ကလဲ ကောင်းတဲ့နေရာမှာ ရှိနေမှာပါ
YOU ARE READING
Mania You // SungJake (Completed)
FanficNo matter if I become your nightmare or your fear, I will still love you ever The whole fiction is just an author's imagination