2

1.4K 148 24
                                    

အမြဲ ကိုကို့ကို ရူးနေတဲ့သူလို့ပြောလေ့ရှိတဲ့ ဂျယ်ယွန်းက သူကိုယ်တိုင်ကမှ တကယ်ကိုရူးနေတဲ့သူဖြစ်ကြောင်း တစ်ဖြည်းဖြည်းတွေးလာမိသည်။

ဂျယ်ယွန်းက ကိုကို့ကိုချစ်ပါတယ်။ ဘယ်လောက်အထိချစ်လဲမေးရင် ငယ်ငယ်တုန်းက ဖေဖေ့ကိုဘယ်လောက်ချစ်လဲ မေမေ့ကိုဘယ်လောက်ချစ်လဲလို့မေးလာရင် လက်ကိုဆန့်တန့်ပြီး ဟောဒီလောက်ကြီးချစ်တယ်လို့ ပြန်ဖြေခဲ့သလိုမျိုး အဲ့သလောက်အထိကို ဂျယ်ယွန်းက ကိုကို့ကိုချစ်တယ်။ ကိုကိုကလဲ ဂျယ်ယွန်းကိုချစ်ပါတယ်။ ကမ္ဘာပေါ်မှာ ကိုကို့လောက် ဘယ်သူစိမ်းကမှ သူ့ကိုမချစ်နိုင်တော့ဘူးလို့တွေးမိတဲ့အထိ ကိုကိုက သူ့ကိုချစ်တယ်။ ကံကောင်းစွာ သူတို့ချစ်ခြင်းတွေက ထပ်တူကျခဲ့ပါတယ်။

ဒါပေမယ့် ဒါပေမယ့်ပေါ့

ချစ်ခြင်းတရားတွေရဲ့နောက်က အတ္တတရားတွေကို မမြင်လာရသေးခင်အထိ အရာရာက ကြည်နူးဖွယ်ကောင်းခဲ့တယ်။ ကြောက်စရာကောင်းတဲ့ ကိုကို့ရဲ့အတ္တတရားကို မျက်ဝါးထင်ထင် ကြုံတွေ့အပြီးမှာတော့ ဂျယ်ယွန်းဆီကို အကြောက်တရားဆိုတဲ့ အဆိပ်ပင်ငယ်ကစတင်မျိုးစေ့ကျပေါက်ဖွားလာတော့တာဘဲ။

ကိုကိုက အတ္တသိပ်ကြီးတယ်။ သဝန်လဲအရမ်းတိုတတ်ပြီး သူ့အပေါ်ဆို ပိုင်ဆိုင်လိုစိတ်က ပြင်းပြသေးတယ်။ စစချင်းတော့ ဂျယ်ယွန်းအတွက် အဲ့ဒါက သဘောကျစရာကောင်းခဲ့တယ်။ ဒီလောကမှာ ဘယ်သူကများ ကိုယ့်ချစ်သူက ကိုယ့်ကိုသဝန်တိုတာကို သဘောမကျဘဲနေမှာလဲ။ အဲ့လိုသဝန်တိုတာက ချစ်ခြင်းကိုဖော်ပြနည်းတစ်ခုလို့မှတ်ယူကြပြီး သဝန်တိုခံရတာကိုသဘောကျကြတာ။ ဂျယ်ယွန်းကလဲ အဲ့လူတွေထဲကတစ်ယောက်မို့ သဘောကျမိခဲ့ပါတယ်။ ကိုကို့ရဲ့သဝန်နေရင်ဖြစ်တဲ့ပုံစံက ချစ်စရာကောင်းလွန်းလို့ သဝန်မတိုတိုအောင် စနောက်ရမလား တွေးမိတဲ့အထိကိုဘဲ။ သို့ပေမယ့် လွန်ကဲစွာသဝန်တိုခြင်းကိုကြုံလိုက်ရပြီး အတ္တတရားကိုပါ မြင်လိုက်ရချိန်မှာတော့ အဲ့ဒါတွေအကုန်က ကြက်ပျောက်ငှက်ပျောက်ရယ်ပေါ့။

အဲ့နေ့က ဂျယ်ယွန်းက အခန်းဖော်သူငယ်ချင်းနဲ့ ထွေပါးလေးရာ အကုန်လျှောက်ပြောနေခဲ့တာ။ သင်ခန်းစာအကြောင်းတွေလဲပါပြီး ပတ်ဝန်းကျင်အကြောင်း ကျောင်းအကြောင်း အကုန်ပါပြီး ဟာသအလွဲဖြစ်ရပ်တွေအကြောင်းပါပြောရင်း ရယ်မောနေခဲ့ကြတာ။ အဲ့အချိန်မှာ ရောက်လာတဲ့ ကိုကို့ရဲ့မျက်နှာမှာ တင်းတည်မှုတွေကအပြည့်ဘဲ။ ထိလိုက်တာနဲ့ ပေါက်ကွဲထွက်သွားတော့မယ့် ဗုံးတစ်ခုလိုဖြစ်နေလို့ ဂျယ်ယွန်းတောင် တစ်ခါမှမမြင်ခဲ့ဖူးတဲ့ပုံစံကြောင့် အံ့ဩခဲ့ရသေးတာ။

Mania You // SungJake (Completed)Where stories live. Discover now