ဟိုတယ်ကြီးကြီးထဲက ညစာစားပွဲတစ်ခု။ ဖေဖေ မေမေနဲ့အတူရောက်လာခဲ့တယ်။ လူတွေအများကြီးထဲမှာ ကိုယ်နဲ့ရွယ်တူမတွေ့လို့ အနည်းငယ်တော့ ပျင်းတယ်။အခုဗိုက်ဆာတယ် မေ့မေ့က်ို သွားပြောရမယ်။
"မေမေ...ထယ်ထယ်ဗိုက်ဆာတယ်"
"သားလေး..မေမေ လူကြီးတွေနဲ့စကားပြောနေတယ်လေ..သွားဟိုဝိုင်းကို သူငယ်ချင်းရှိတယ်.."
"ဟုတ်မေမေ.."
မေမေနဲ့ ဖေဖေက စီးပွါးရေးလုပ်ငန်းရှင်တွေလေ။ အရမ်းချမ်းသာတယ်လို့တော့ ဦးငယ်ကပြောတာပဲ။ ထယ်ထယ်တော့ အခုဗိုက်ဆာနေတာပဲသိတယ်။ထယ်ထယ့်မှာ ဖေဖေ မေမေနဲ့ ဖေဖေ့ညီ ဦးငယ်ဆိုပြီး မိသားစုဝင်သုံးယောက်တောင်ရှိတာ။ ဟိုအရှေ့က ကောင်လေးကတော့ တစ်ယောက်တည်းထင်တယ်။ စကားပြောရင်း သူငယ်ချင်းလုပ်ကြည့်လိုက်ရင်ကောင်းမလား။ ဦးငယ်ကိုမေးကြည့်မှပဲ။
"ဦးငယ်..ဟိုဝိုင်းက ကောင်လေးနဲ့သူငယ်ချင်းလုပ်လို့ရလား"
"ဟင်..သူလား..သွားလေ သူ့နာမည်က အီရန်တဲ့ သူက အဲ့နာမည်ခေါ်ရင် အရမ်းကြိုက်တာ.."
"အာ..ဟုတ်လား အီရန်တဲ့ ကလေးကျနေတာပဲ..ဟီးးသားသွားလိုက်ဦးမယ်"
မျက်စိအရှေ့က ကလေးလေးတစ်ယောက််။ တစ်ယောက်တည်း ထိုင်နေပြီ ပန်းကန်ထဲက မုန့်တွေကို ခရင်းနဲ့ထိုးစွနေတာ။ စိတ်ဆိုးနေတာနေမယ် နှုတ်ခမ်းကြီးလဲ ဆူထွက်နေတယ်။
"ဟယ်လို..အီရန်..ငါဒီမှာထိုင်မယ်နော်"
"အီရန်..မင်းနာမည်က အီရန်လား.."
"ငါ့နာမည်က ထယ်ယောင်းပါ ထယ်ထယ်လိုခေါ်လို့ရတယ်"
"မင်းဘာစားနေတာလဲ..အဲ့ဒါစားကောင်းလား..ထယ်ထယ်လဲ စားချင်တယ်"
"စကားလဲပြန်မပြောဘူး..ဘာလို့လဲကြောက်လို့လား..မကြောက်ပါနဲ့ ထယ်ထယ်က ချစ်ဖို့ကောင်းပါတယ်.."
"အီရန်က ထယ်ထယ့်ကို မခင်ချင်ဘူးထင်တယ်"
"အီရန်လို့မခေါ်နဲ့.."
"ဟင်..ဘာလို့လဲ.."
"မကြိုက်ဘူးမခေါ်နဲ့.."
"အိုကေ..မခေါ်ဘူး..အဲ့ဒါဆိုဘယ်လိုခေါ်ရမလဲ"