"ဘိုရာ...နင်...နင်ဟာ"
"မမ...ဘိုရာ့ကို လာအော်မနေနဲ့...ကျွန်မဒီကလေးကို ရအောင်မွေးမှာ..."
"နင့်ဘာသာ မွေးချင်မွေး မမွေးချင်နေ...ငါ့ကိုပြောပြစမ်းပါ ဘယ်သူနဲ့ရတာလဲလို့..."
အလီဇာနဲ့ သူ၏ တစ်ဦးတည်းသော ညီမလေးဖြစ်သူ ဘိုရာတို့ စကားအချေအတင်ဖြစ်နေကြသည်။ ဂျာမန်သွေးနှော် ကိုရီးယားကပြားမလေးတွေဖြစ်ပြီး ဘိုရာက ဩဇီမှာကျောင်းတက်ပြီးကာ အမဖြစ်သူ ရှိတဲ့ ကိုရီးယားကို ပြန်လာတာ ၄လခန့်ရှိလေပြီ။
ထို၄လအတွင်းမှာ ဘယ်ကဘယ်လို ရလာမှန်းမသိတဲ့ ပိုင်ရှင်မဲ့ကိုယ်ဝန်ကို လွယ်ထားရသည်တဲ့။ တကယ့်ကို ပြသာနာပဲမဟုတ်ပါလား။
"ညီမလေး...ဘိုရာ...မမကိုပြောပြပါ...ညီမလေးကိုယ်ဝန် ဘယ်..."
"မမ...ထပ်မမေးပါနဲ့တော့...ရှိပါစေတော့မမရယ်..."
"အေး..ကောင်းတယ်..နင့်ကိုငါကဖြစ်စေချင်လွန်းလို့ စီးပွါးရေးပျက်ပြီး ကုန်းကောက်စရာမရှိတော့တဲ့ ဘဝထဲကနေ နင်ကျောင်းတက်ဖို့ ငါငွေရှာခဲ့ရတာ..အခုလိုဗိုက်ကြီးလာဖို့မှမဟုတ်တာ..."
"ဘိုရာလဲ ဒီလိုဖြစ်ချင်ပါ့မလား မမရဲ့..."
ညီမနှစ်ယောက် အော်ဟစ်ပြီး ငိုယိုနေကြသည်။ အလီဇာက မိဘတွေစီးပွါးပျက်ပြီး အကြွေးတွေမဆပ်နိုင်ပဲ ထောင်ကျသွားပြီးတဲ့နောက် ညီမလေးကို ပြုစုလာခဲ့ရသည်။ ရရာအလုပ် ရသလိုလုပ်ခဲ့ရတယ်။ နောက်ဆုံးတော့ ပိုက်ဆံရှိတဲ့ သူဌေးတစ်ဦးရဲ့ မျက်စိကျခြင်းခံခဲ့ရပြီး အရပ်အခေါ် စပွန်ဆာ ဆိုတဲ့ ဂုဏ်ပုဒ်နဲ့ တင့်တယ်နေခဲ့တာ ဘိုရာလေး ကျောင်းပြီးတဲ့ထိ မတောင့်တတဲ့ဘဝမျိုးထိ ထားပေးနိုင်ခဲ့သည်။
အခုတော့ဖြင့်....
"ဘိုရာ...ငါတားတယ်နော် နင့်ကိို...အချိန်မလွန်သေးဘူး အဲ့ကလေးဆိုတဲ့ ဟာက ကလေးတောင်ဖြစ်သေးတာမဟုတ်ဘူးကွာ...နင်ဖျက်ချပစ်လိုက်ပါ...နှစ်ပတ်ပဲရှိသေးတာ...လွယ်ပါတယ် ညီမလေးရယ်...."
"မမ...ဒါအသက်တစ်ချောင်းလေ...ပြီးတော့ ဘိုရာ့ရဲ့ကလေးလေ...မမဘာလို့ပြောထွက်ရတာလဲ..."