"ဟဲ့...နင်ကဘယ်တွေရောက်နေလို့...ငါဖုန်းဆက်တာတောင် မကိုင်နိုင်ဖြစ်နေရတာလဲ!""ဖုန်းကို အသံပိတ်ထားမိလို့ပါအမေရ...အဖေရော ဘယ်မှာလဲ"
"သွား...၂၀၂အခန်းထဲမှာရှိတယ်...ဟဲ့ မျက်နာကို အရမ်းစိုးရိမ်နေတဲ့ပုံဖြစ်နေပါစေ...သူ့သားကြီး အခန်းထဲမှာရှိနေတယ်...နင့်အဖေကို သေချာပြုစုပေးလိုက်။ ဟဲ့...ငါပြောတာကြားလား"
"သိပါပြီ...သွားလို့ရပြီလားအခု..."
"ဝင်တော့သွား...ငါ သင်းစားဖို့ စားစရာသွားစီစဉ်လိုက်ဦးမယ်..."
ဆေးရုံအရှေ့မှာ အမေနဲ့ စကားများပြီး ဆေးရုံအတွင်းကို ဝင်လာခဲ့လိုက်တယ်။ ညက ဘော်ဒါတွေနဲ့ သောက်တာများပြီး အမေဖုန်းခေါ်တာ မကြားမိလိုက်တာ။ အဖေကလဲ အခုမှ ဘာထဖြစ်တာပါလိမ့်။
အခန်းထဲဝင်ဝင်ချင်း လူနာကို ချွေးသုပ်ပေးနေတဲ့ ကင်မ်မိသားစုရဲ့အကြီးဆုံးသားကြီး။ အမြင်ကပ်ဖို့ကောင်းလောက်အောင် သိပ်အလိုက်သိတတ်တာ။ အထူးသဖြင့် သူ့အဖေအပေါ်မှာပေါ့။
"မောင်လေးရယ်...မင်းကို တစ်ညလုံးဖုန်းခေါ်နေတာကွယ်...ဘယ်တွေရောက်နေလို့လဲ"
"အာ...ကျွန်တော်အလုပ်က လူကြီးတွေနဲ့ ညစာစားပွဲလုပ်ရင်း နည်းနည်းလစ်သွားလို့ အိပ်ပျော်သွားတာ...အစ်မဖုန်းဆက်တာ မသိလိုက်မိဘူး...တောင်းပန်ပါတယ် မရီး"
"အစ်မကိုမတောင်းပန်နဲ့... မင်းအစ်ကိုကြီးကို တောင်းပန်...သူက မင်းကိုစိတ်ပူနေတာ!"
အဟက်! လူကြားကောင်းအောင်။
"အစ်ကိုကြီး...ကျွန်တော်တောင်းပန်ပါတယ်...အစ်ကိုကြီးဖုန်းဆက်တာ မကြားမိလိုက်လို့"
"အစ်ကို့ကို ဖုန်းပြန်ခေါ်မယ် ထင်ထားတာ။ တစ်ခါတည်း ဆေးရုံလ်ိုက်လာတာပဲ..."
"ဟုတ်...အမေကဖုန်းဆက်ပြောလို့ ကျွန်တော်သိတာပါ။ တောင်းပန်ပါတယ် အစ်ကိုကြီး..."
"အဖေက မင်းကိုမေးနေသေးတယ်...ဆေးသွားဝယ်တယ်လို့ ပြောမှ အိပ်သွားတာ...ညီလေး...နောက်ဆို အစ်ကိုဖုန်းဆက်ရင် ဖုန်းကိုင်ပါ..."