ထိုအိမ်ကြီးဆီ တစ်ဖန်ပြန်ရောက်လာခဲ့ပြန်ပြီ။ ဒီတစ်ခါကရောဘယ်လိုအချင်းအရာကြောင့် ပြန်ရောက်ခဲ့တာလဲ။ သူက ပြန်လိုက်ခဲ့ဆိုတဲ့ အမိန့်ဆန်ဆန်စကားကြောင့်လား။ အသံမာမာတောင် မပြောခဲ့ပါပဲ ငြင်းဆန်ခြင်းမပြုခဲ့တဲ့ ကိုယ့်ကိုယ်ကို အံ့ဩမိတာအမှန်။
"ထယ်...ဝင်နှင့်နော်...အိမ်ထဲက အကူတွေ အခန်းပြပေးလိမ့်မယ်...ကိုယ်ခဏနေ လိုက်လာခဲ့မယ်..."
"ငါ့ကို အခန်းထဲတော့ သော့ပိတ်မထားဘူးမလား..."
"ထယ်ရယ်...မထားပါဘူး...မထားတော့ဘူး...စိတ်ချနော်...ကိုယ်လိုက်လာခဲ့မယ်"
"အင်း..."
အိမ်ထဲဝင်သွားတဲ့ ထယ်ယောင်းကို ကြည့်ရင်း သက်ပြင်းဖွဖွချမိတယ်။ ညက အခြေအနေက နားမလည်နိုင်စရာကောင်းလွန်းတယ်ဆိုတာ အမှန်။ ယခင်က အညိူးကြီးလွန်းခဲ့တဲ့ ထယ်ယောင်းက ဘာလို့ ကိုယ့်နာမည်ကို မေ့နေရတာလဲ။
"ခေါင်းဆောင်...ရှင်းခိုင်းထားတာတွေ အကုန်ပြီးသွားပါပြီ..."
"ဪ...အေး..ရှင်းပြီးရင်..ကားအနောက်မှာ အထုပ်ပါတယ်...အဲ့အထုပ်ကိုယူသွား.."
"ဟုတ်ခေါင်းဆောင်..."
"ငါပြောတဲ့အတိုင်းသေချာလုပ်နော်...နည်းနည်းလေးမှအမှားမခံနိုင်ဘူး..."
"ဟုတ်..စိတ်ချပါ..."
ခေါင်းငုံ့အရိုအသေပြုပြီး Redယူသွားခိုင်းတဲ့ အထုပ်ကြီးကို ကားနောက်ခန်းထဲက ထုတ်ပြီး အိမ်ကြီးရဲ့ အနောက်ဘက်ကို သယ်သွားခဲ့သည်။
"လေးလိုက်တာ..ဘာတွေလဲမသိဘူး..အိမ်ကြီးအနောက်မှာ ခြံလွတ်ကြီးရှိတာ အခုမှပဲသိတော့တယ်..ဟူး...တစ်နေကုန်ခြံရှင်းရတာက လူရိုက်ရတာထက် ပိုပင်ပန်းလိုက်တာ..."
"ဟေ့ကောင်..ဘာတွေညဉ်းနေတာလဲ..ခြံရှင်း သန့်ရှင်းရေးလုပ်ရတာ ပင်ပန်းရတဲ့အထဲ..."
"အထုပ်ကြီးက လေးလို့ပါဟ...ဘာတွေပါလဲတော့မသိဘူး..."
"ဘာတွေပါလို့လဲ...ပြစမ်း"
"ဟေ့ကောင် မထိနဲ့...မိုးပြိုတာမှ ပြေးစရာနေရာရှိမယ်...မထိနဲ့မထိနဲ့!!"