2🔞🔞🔞

3K 75 9
                                    

‼️(ညစ်ညမ်းတဲ့အသုံးအနှုန်းတွေပါဝင်ပါတယ်။ Character အရ ရေးသားထားခြင်းဖြစ်ပြီး Idol imageကို ထိခိုက်စေလိုခြင်းမရှိပါ)‼️

Redရဲ့ ကြက်သွေးနီရောင် အခန်းကျယ်ကြီး။ ထိုအခန်းထဲမှာရှိတဲ့ အနီရောင်နဲ့ ပတ်သတ်တဲ့ ပရိဘောဂနဲ့ အသုံးအဆောင်ပစ္စည်းတွေ။ Redက အနီကိုသိပ်ကြိုက်ပေမယ့် အနီရောင်ပါတဲ့ အဝတ်အစားဘာတစ်ခုမှမဝတ်ပါ။ အမြဲတစေ အမဲရောင် suit အမဲရောင် အဝတ်အစားနှင့်သာ နေတတ်သည်။

King size ကုတင်ခြေရင်းက ကျွန်းနာရီဆီမှ တစ်တောက်တောက်မြည်သံနဲ့ အခန်းထောင့်က ဓာတ်ပြားဟောင်းဆီမှ သာယာငြိမ့်ညောင်းတဲ့ သီချင်းသံသာ ရှိသည်။ တိတ်ဆိတ်ငြိမ်သက်နေတဲ့ ကြက်သွေးနီရောင် အခန်းထဲမှာ စိမ်းသက်သက်အငွေ့အနံ့တွေ တထောင်းထောင်းထကာဖြင့်။

အရောင်အသွေးစုံလင်တဲ့ တက်တူးအပြည့် လက်တစ်စုံနဲ့ ဝီစကီခွက်ကို ကိုင်ကာ အရသာခံသောက်နေပုံကအစ အလွန်ကြည့်ကောင်းနေတဲ့ လူတစ်ယောက်။ ဘာမထီ တစ်မိုးအောက် Jeon Redဆိုတာနဲ့ ဒုစရိုက်သမားတွေ ဖိတ်ဖိတ်တုန်အောင် လန့်ရတဲ့ REDမူးယစ်ဂိုဏ်းခေါင်းဆောင်။ နှဖူးပေါ်ကျနေတဲ့ ဆံပင်အချို့ကို ခေါင်းပေါ် သပ်တင်ရင်း ဘေးက ဖုန်းကို ကိုင်လိုက်သည်။

"ဂျက်..ဟိုကောင်လေးကို ခေါ်လာခဲ့တော့"
—————————-

"ဒီမှာ...မင်းကို ခေါင်းဆောင်က ခေါ်ခိုင်းလိုက်တယ်..အခုထ"

"မလိုက်ဘူး...ငါ့ကိုလွှတ်..လွှတ်လို့ ခွေးမသားတွေ"

"တိတ်စမ်း စောက်ပါးစပ်ကို.."

"ဘယ်သူ့ဆီခေါ်သွားမလို့လဲ...လွှတ်စမ်း..."

လူနှစ်ယောက်ရဲ့ ဆွဲခေါ်ခြင်းခံနေတဲ့ ထယ်ယောင်း။ ကားတိုက်ထားတဲ့ ဒဏ်ရာရှိန်ကြောင့် ကိုက်ခဲနေတဲ့ ခန္ဓာကိုယ်ဟာ သံရိုက်ထားသလိုပါပဲ။

"ခေါင်းဆောင် ကျွန်တော်တို့ရောက်ပါပြီ"

"ဝင်ခဲ့..တံခါးဖွင့်ထားတယ်..."

အခန်းတံခါးကိုဖွင့်လိုက်တော့ နောက်ပြန်ကျောပေးကာထိုင်နေတဲ့ ဟိုလူ။ နောက်ကျောကကြည့်တာတောင် အတော်ရွံဖို့ကောင်းတာ။

JEONRED (Uni+ Z)Where stories live. Discover now