(‼️‼️ညစ်ညမ်းသော အသုံးနှုန်းအချို့ပါဝင်ပါသည်။ Idol imageကို ထိခိုက်လိုခြင်းမရှိပါ။ Character မရ သုံးနှုန်းထားခြင်းကြောင့် အဆင်ပြေမှ ဖတ်ပါ။‼️‼️)
" မင်း...လာစမ်း...လာခဲ့"
"Red...စိတ်လျှော့ပါဦး..."
"မင်းအပေါက်ကိုပိတ်ထားလိုက်ဂျက်..."
"ဘာလဲ...ငါဘာလုပ်မိလို့လဲဂျောင်ဂု...."
"ကင်မ်ထယ်ယောင်း...မင်းကဘာလဲ...မင်းသရုပ်မှန်ကဘာလဲလို့...."
ကျွန်တော့်ကိုအမြဲပိတ်လှောင်ထားတတ်တဲ့ အခန်းထဲကို အတင်းဆွဲခေါ်လာပြီး ကြမ်းပြင်ပေါ်ကို ဆောင့်တွန်းကာအဓိပ္ပာယ်ရှိတဲ့ မေးခွန်းတွေကို မေးနေလေတယ်။ ဘာလဲ....မင်းက ငါ့အကြံတွေကို ရိပ်မိကုန်တာလား...။
နောက်ဆုံးတော့ ငါဖုံးကွယ်ပြီးနေစရာမလိုတော့ဘူးပေါ့။
"ဘာလဲ...မင်းဘာတွေပြောနေတာလဲ..."
"မင်း...ငါ့ဆီကို ဘာအကြံနဲ့ရောက်လာတာလဲ..."
"ဟ...မင်းအတိတ်မေ့ကုန်တာလား...ငါ့ကို အဓမ္မခေါ်လာတာ...မင်းလေ..."
"Red...ငါတို့အေးဆေးဖြေရှင်းကြရအောင်..."
"ဂျက်...မင်းအခန်းထဲက ထွက်သွား..."
"မင်း...ထယ်ယောင်းကို သတ်မိမှာဆိုးလို့ပြောနေတာ..!"
"ဟျောင့်...မင်းကိုထွက်သွားတော့လို့!!"
အော်ဟစ်သောင်းကျန်းနေတဲ့ ဂျောင်ဂုက်ို စိတ်တိုပြီးထွက်သွားတဲ့ ဂျက်ဟာ အခန်းတံခါးကို ဆောင့်ပိတ်သွားပြီး ထယ်ယောင်းနဲ့ဂျောင်ဂုကို နှစ်ယောက်ထဲ ချန်ထားခဲ့တော့သည်။
"ကင်မ်ထယ်ယောင်း...မင်းထစမ်း"
ထယ်ယောင်းရဲ့ အင်္ကျီကော်လံစနှစ်ဖက်ကို စုကိုင်ပြီး ဆွဲမလိုက်တော့ ပျော့ခွေပြီးပါလာပုံက အင်အားချိနဲ့နေသယောင်။ ခန္ဓာကိုယ်အရွယ်အစားချင်း ကွာခြားတဲ့အတွက် ဂျောင်ဂုရဲ့လက်ထဲမှာ ထယ်ယောင်းဟာ တကယ့်ကို သေးငယ်စွာ။
"မင်း...ငါ့ဆီကဘာလိုချင်လို့...ငါ့ဆီရောက်လာတာလဲ.."
"မင်း..သောက်ဦးနှောက်မပါဘူးလား...ဒီအိမ်ကိုငါရောက်နေတာ မင်းခေါ်လာတာလေ..."