"Red...သောက်ပြသာနာတော့တက်ပြီထင်တယ်..."
"မင်းပြသာနာမတက်တာ ရှိသေးလို့လား..."
"ဟိုဘဲကြီး ငါတို့သဘ်ောကို ဖြတ်လုသွားတယ်..."
"ဘာ...ဆေးခြောက်တွေ တင်သွားတဲ့ သဘ်ောလား..အဲ့ဒါက ဘယ်သူမှမသိဘူးလေ..ငါတို့လူတွေ ဝင်ပါနေတာလား ဂျက်"
"ဟုတ်တယ်..ငါစစ်မေးခိုင်းထားပေမယ့် သူတို့ပါးစပ်က ထွက်မလာဘူး...ငါကတော့ ဗိန်းရဲ့အကြံအစည်လို့ပဲ ထင်တယ်..."
"အဲ့ကောင်တွေဘယ်မှာလဲ"
"ဂိုထောင်မှာ.."
————————————-"ဟယ်လိုဒယ်ဒီ...ကိစ္စအဆင်ပြေတယ်သိလား... "
"အင်း..အဆင်ပြေမယ်ဆိုတာ ကြိုသိတယ်"
"ဒယ်ဒီ့တူရော အဆင်ပြေတယ်တဲ့လား"
"သူလား...လွယ်လွယ်တော့ အသက်မခံရလောက်ပါဘူး...သေသွားလဲ အေးတာပဲလေ မဟုတ်ဘူးလား"
"အဟိ...ခဏနေရင် အလီဇာပြန်ရောက်တော့မှာ..ဒယ်ဒီစောင့်နေနော်"
"ဟုတ်ပါပြီဗျာ..ဒယ်ဒီစောင့်နေပါ့မယ်.."
နံရံပေါ်က မိသားစုဓာတ်ပုံလေး..။
တစ်ဦးတည်းသော မိသားစုဝင်မို့လို့ သူတို့မိသားစုဓာတ်ပုံထဲ ငါ့ကိုဝင်ရိုက်ပေးပါတဲ့။ ရွံစရာကောင်းလိုက်ပုံများ။ အမေပြောတာမမှားဘူး " နင့်အဖေသေရင် နင့်အဖေဥစ္စာတွေက သူ့သားကိုပဲ ပေးခဲ့မှာ..နင်အေးဆေးနေနိုင်တာ အံ့ဩတယ်" တဲ့။ငါလဲ ဘာကြောင့် ဒီပုံကို ချိတ်ထားသေးလဲမသိပါဘူး။
ချလွမ်း....
(မှန်ကွဲသံ)ကြမ်းပြင်ပေါ် ပြန့်ကျဲသွားတဲ့ ဓာတ်ပုံမှန်ဘောင်လေး။ မှန်စလေးတွေရဲ့ ကြားထဲမှာတောင် လေးထောင့်အပြုံးလေးနဲ့ အပြုံးကြီးပြုံးနေရှာတဲ့ ကလေးငယ်လေးဟာ သူ့မိဘတွေနဲ့ရိုက်ခဲ့တဲ့ ဓာတ်ပုံအဖြစ် ဒါနောက်ဆုံးပဲဆိုတာတော့ မသိခဲ့ရပေ။
"အဟက်..ရေစက်ဆိုးလေး...မင်းအဲ့မှာ ဒုက္ခ ခံနေလိုက်ဦး"
—————————-မြို့ပြင်တစ်နေရာမှ ဂိုထောင်ပျက်တစ်ခု...။
လူအယောက်၂၀ခန့် ဝိုင်းအုံနေတဲ့ အလယ်မှာ လူနှစ်ယောက်ဟာ လက်ပြန်ကြိုးတုတ်ပြီး တစ်ကိုယ်လုံးယောင်ကိုင်းလျက် ဒူးထောက်အနေအထားဖြင့် ခေါင်းငုံ့ထားကြသည်။