1

1.6K 74 5
                                    

"မင်းလုပ်လိုက်တဲ့ ပစ္စည်းတန်ကြေးဘယ်လောက်ရှိလဲသိလား.."

"........."

"မင်းဆယ်ဘဝရှာပြီး ဆပ်ရင်တောင် မကျေဘူး..ငါက သစ္စာဖောက်တာကို သေအောင်မုန်းတာ.."

"ကျွန်တော်တောင်းပန်ပါတယ်..ကျွန်တော်မှားပါတယ်..ဟိုကောင်တွေခိုင်းလို့လုပ်ရတာပါ..တောင်းပန်ပါတယ်မသတ်ပါနဲ့နော်"

"ဟေ့ကောင်..ဘယ်ကောင်တွေလဲပြောစမ်း"

"ကင်မ်ဗိန်းပါ..ဆရာဂျက်"

"ဗိန်း..?အဘိုးကြီးက မသေသေးဘူးပဲ...Red ဘာဆက်လုပ်မလဲ.."

" လက်စသတ်တော့ အိမ်ပြန်မယ်.."

"သူ့ကိုခေါ်ခဲ့ကြ.."

"မလုပ်ပါနဲ့...တောင်းပန်ပါတယ်..ကျွန်တော်မှားပါပြီ..ဆရာဂျက် ကျွန်တော့်ကိုမသတ်ပါနဲ့ဗျာ..."

လူယုံငယ်သူငယ်ချင်း ဂျက်ကို ခွင့်ပြုချက်ပေးပြီး ဂိုထောင်အပြင်ထွက်လာခဲ့သည်။ ဗိန်းဆိုတဲ့အသံက်ိုကြားတိုင်း အသားတဆက်ဆက်တုန်အောင် မုန်းတီးရတယ်။ သက်ဆိုးရှည်နေတာ တော်လှပြီတယ်။ ငြိမ်နေတာလဲ အချိန်စေ့ပြီ။ ခင်ဗျား သေမယ့်ရက် လက်ချိုးရေနေပါ ကင်မ်ဗိန်း။
—————————
"Red..ဘာစားဦးမလဲ..ဆိုင်ဝင်ဦးမလား"

"တန်းပြန်..ငါနားချင်နေပြီ.."

"ဟိုအဖိုးကြီးက လိုက်ရှုပ်ရတာ သိပ်ဝါသနာပါတာပဲ..Red ငါရှင်းလိုက်ရမလား"

"နေ ဂျက်..အဲ့ဘဲက ငါ ကိုယ်တိုင်သတ်ရမယ့်  တိရိစ္ဆာန်တစ်ကောင်ပဲ.."

"အချိန်မရွေးနော်Red..ဟ...ဘာလား..မီးပွိုင့်တောင်မနီသေးတာကို"

မီးပွိုင့်မနီသေးပါပဲ လူကူးမျဉ်းကြားကိုဖြတ်ပြီးတားလိုက်တဲ့လူတစ်ခုကြောင့် ဂျက်လန့်သွားရသည်။

"ဘာလားဟ ကြောင်တောင်တောင်တွေ.."

မျက်စိအရှေ့က ကောင်လေးငယ်ငယ်ချောချောတွေ လမ်းပေါ်တက်လာပြီး ကခုန်ကြသည်။ ကင်မရာသမားတွေဟာလဲ လမ်းပေါ်ပြေးလွှားလို့ ရိုက်ကူးနေကြသည်။

"Mvရိုက်နေကြတာဖြစ်မယ်..ဟင်..ကင်မ်ထယ်ယောင်းလား...? Red!"

အရှေ့ဆုံးကဦးဆောင်ပြီးကနေတဲ့ ကောင်လေးတစ်ယောက်။ အောက်က shirtအမဲရောင်ကို အပေါ်ကနေ ကုတ်အနီရောင်ထပ်ဝတ်ထားသည်။ လူအများကြား ထင်ပေါ်သည့် ရုပ်ရည်ကြောင့် လူသိများသည့် တက်သစ်စ အဆိုတော်တစ်ဦးဖြစ်သည်။ လူငယ်အနုပညာအဖွဲ့ထဲမှာတော့ သူ့ကိုမသိသူမရှိ။ ထိုထဲမှာ Jeon Redလဲအပါအဝင်ပင်။

JEONRED (Uni+ Z)Where stories live. Discover now