System space

1.2K 84 11
                                    

Unicode

မဏီရာဇာနိုင်ငံရဲ့ နန်းတော်တစ်နေရာတွင် သွေးချင်းချင်းနီနေတဲ့ နန်းတော်ရင်ပြင်အလယ်မှာ သွေးစိုရွဲနေတဲ့ ခန္ဓာကိုယ်ကိုဖက်ကာ အရူးတစ်ယောက်လို စကားတွေပြောနေတဲ့ လူတစ်ယောက် ထိုလူကတော့ အခြားမဟုတ် မဏိရာဇာနိုင်ငံရဲ့ ရှင်ဘုရင် ရာဇာထွဋ်ခေါင်ပင်။

ဘေးနားက အမတ်တွေကလဲ သူတို့ဘုရင်ကိုကြည့်ကာ မျက်နှာမကောင်းကြပေ။ အချစ်စစ်တို့မည်သည် ဖြောင့်ဖြူးသည်မရှိ။ ထိုအချိန် ရဲမက်နှစ်ယောက်က လူတစ်ယောက်ကို ချုပ်နှောင်ကာ ရောက်လာခဲ့သည်။ ထိုသူကတော့ လုပ်ကြံသူပင်။ ရဲမက်တွေက လုပ်ကြံသူကို ဘုရင့်ရှေ့မှောက်ဒူးထောက်စေလိုက်တော့သည်။ ထိုအခါ အရူးလိုစကားပြောနေတဲ့ ဘုရင်က

" ခရမ်းရောင်လေး ခဏလေးနော် ကိုယ်တော်အမှိုက်တွေရှင်းလိုက်ဦးမယ် ပြီးမှ ခရမ်းရောင်လေးနဲ့စကားတွေပြောမယ်နော် စိတ်မဆိုးနဲ့ "  ဆိုကာ ပွေ့ဖက်ထားတဲ့ အသက်မဲ့တဲ့ ခန္ဓာကိုယ်လေးကို ခဏချကာ

" ငါကိုယ်တော်ရဲ့ အပိုင်ကို လုပ်ကြံဖို့ သတ္တိတွေရှိနေတယ်ပေါ့ဟုတ်လား ဘာမဟုတ်တဲ့ လူသားက ငါကိုယ်တော်ရဲ့ ဧကရီကိုလုပ်ကြံတယ်ပေါ့ မင်းတို့ အသက်ရှင်ဖို့မလိုတော့ဘူး ဟောဒီကမ္ဘာကြီးလဲ ဆက်ရှိနေဖို့မလိုတော့ဘူး "  ရာဇာထွဋ်ခေါင်ရဲ့ မျက်လုံးတွေအရောင်ပြောင်းသွားပြီး အခြားလူတစ်ယောက်လိုဖြစ်သွားခဲ့သည်။ ထိုအချင်းအရာကို တွေ့မြင်ရတဲ့လူတိုင်း အသက်ရူရပ်မတက်ဖြစ်သွားမိသည်။

* အရှင် စိတ်ထိန်းပါဦး ဧကရီနောက်ကမ္ဘာကူးပြောင်းပါတော့မယ် *

* ကောင်းပြီ မင်း ဒီကမ္ဘာကိုဖျက်ဆီးလိုက် ဧကရီနောက်ကို ငါလိုက်သွားမယ် *

* ဟုတ်ကဲ့ပါအရှင် *

ထို့နောက် ရာဇာထွဋ်ခေါင်ဟာ မဏိရာဇာနိုင်ငံအတွင်းမှပျောက်ကွယ်သွားခဲ့သည်။ ကြင်ယောတော် အဲမှားလို့ ဧကရီ မဟူရာဟာလဲ အမှုန်ဖြစ်ပြောင်းသွားကာ ပျောက်ကွယ်သွားပြီးနောက် ထိုကမ္ဘာကြီးဟာလဲ ပျက်စီးသွားခဲ့သည်။

☘︎☘︎☘︎☘︎☘︎☘︎☘︎☘︎☘︎☘︎☘︎☘︎☘︎☘︎☘︎

System space တွင်

ဗီလိန်အားကယ်တင်ခြင်း  ( System  ) (Complete) Where stories live. Discover now