him..

13.9K 182 30
                                    

ငါ့အကိုအသစ််ကိုသဘောမကျဘူး...

2023နှစ်ကငါ့အတွက်အဆိုးဝါးဆုံးပဲ။ငါကအထက်တန်းနောက်ဆုံးနှစ်ကျောင်းသားတစ်ယောက်ပါ။ငါ့အဖေကငါ၃တန်းနှစ်မှာယာဉ်တိုက်မှုနဲ့ဆုံးသွားတာမလို့ငါ့အမေနဲ့ကိတ်ဆိုင်လေးဖွင့်ပြီးရိုးရိုးလေးပဲငါ့ဘ၀ကိုဖြတ်သန်းနေတဲ့လူတစ်ယောက်။

ဒါတွေဟာဒီနှစ်မှာပဲငါ့အေးချမ်းတဲ့ဘ၀လေးပျက်စီးသွားခဲ့ပြီ။ငါ့အမေကလူတစ်ယောက်ကိုလက်ထပ်တော့မှာ။ငါ့တောင်အသိမပေးပဲနဲ့လေ!ငါတို့ကအများကြီးအဆင်ပြေတဲ့ထဲမပါပေမဲ့အသင့်အတင့်လူတန်းစားတွေပါ။

ငါ့ဘ၀ကအများကြီးမပြည့်စုံပေမယ့်ငါတင်းတိမ်နိုင်တယ်။ငါ့ကိုချစ်တဲ့သူငယ်ချင်းတွေနဲ့အမေရှိတာမလို့ငါဘာမှထပ်မလိုပေမယ့်အဖေအသစ်တစ်ယောက်ရဖို့တော့ငါစိတ်ကူးထဲတောင်ထည့်ခဲ့တာမဟုတ်ဘူး။

ငါအိမ်ပြန်ရောက်တော့ကားအနက်ရောင်တစ်စီးကငါတို့အိမ်ရှေ့မှာရပ်နေတာမလို့ငါအိမ်ထဲအပြေး၀င်မိတယ်။

"သားလေးတောင်ပြန်ရောက်ပြီလား"

ဒီလူကဘယ်သူလဲ။သန့်သန့်ပြန့်ပြန့်၀တ်စားထားတာမလို့လူချမ်းသာမိသားစုထဲကဆိုတာငါသတိပြုမိတယ်။'fourthရဲ့အဖေအသစ်'ဆိုတဲ့စကားလုံးတစ်လုံးအောက်မှာတင်ငါ့စိတ်တွေ‌ဖန်သားတစ်ခုလိုမျိုးကွဲကြေသွားခဲ့တယ်။

_________________________

"နည်းနည်းပြုံးပါဦး အမေ့သားလေးရယ်"

ဂါ၀န်အဖြူရောင်လေးကငါ့အမေကိုယ်ပေါ်မှာလှပနေပါတယ်။ကလေးအမေတစ်ယောက်ဖြစ်ပေမဲ့ငါ့အမေဟာသိပ်လှပပြီးအချိုးအစားကျတဲ့ခန္ဓာကိုယ်တစ်ခုကိုပိုင်ဆိုင်ထားတယ်။

ဆယ်ကျော်သက်အရွယ်လိုနုပျိုနေတဲ့ငါ့အမေကိုကြည့်ရင်းငါအမေ့ပေါင်လေးပေါ်ခေါင်းလေးတင်ကာ၀မ်းနည်းနေမိတယ်။ဆိုဖာပေါ်ထိုင်နေတဲ့အ‌မေကပြုံး၍သာငါ့ခေါင်းလေးအားပုတ်ပေးလေသည်။

"ဘာလို့..ယောင်္ကျားထပ်ယူလိုက်တာလဲ"

ငါတစ်ကယ်သိချင်မိသည်။ငါ့အမေကပြုံး၍သာ။

"သားရဲ့အနာဂတ်ရှိသေးတယ်လေ..အမေ့လိုမျိုးသားရဲ့ဘ၀လေးကိုဆူးခလုတ်မရှိစေချင်ဘူး..ဦးလေးhanကသဘောကောင်းပါတယ်သားရဲ့..သူ့ရဲ့သားငယ်လေးလည်းရှိတာမလို့မေမေ့fourthကလေးအထီးမကျန်ပါဘူး"

Stepbrother (geminifourth ff✅)Where stories live. Discover now