again..

1.6K 146 11
                                    

ထပ်ပြီးချစ်မိပြန်ပြီ..

မယုံနိုင်စရာကောင်းလောက်အောင်geminiကငါ့အနားပြန်ရောက်လာခဲ့တယ်။ဂယက်တွေပြီးသွားတဲ့နောက်မှာfrodကရူးရူးရှဲရှဲဒေါသထွက်ရင်းဘေးခုံမှာထိုင်နေလေရဲ့။

ဒီအချိန်ကနည်းနည်းတော့ရူးကြောင်ကြောင်နိုင်ပေမဲ့gemini
ကငါ့ကိုပြန်လာရှာခဲ့တာမလို့ငါ့စိတ်တွေအနည်းငယ်ပျော်ရွှင်နေမိသည်။ဘယ်နှစ်လတောင်ရှိခဲ့ပြီလဲ။

ငါ့ကိုယ်၀န်စရှိနေတုန်းကငါ့အမေဟာအတင်းဖျက်ချခိုင်းခဲ့သည်။သူမကဆရာ၀န်တစ်‌ယောက်ကိုအကူအညီတောင်းခဲ့တဲ့အထိပဲ။ငါအများကြီးကြောက်လန့်နေခဲ့တာ။

မိုးရေထဲမှာခိုကိုးရာမဲ့နေတဲ့အချိန်ငါ့ကိုကူညီခဲ့တာfrodတစ်
ယောက်ပဲရှိတယ်။ငါကိုယ်၀န်ရှိတာကိုသိသွားတဲ့နောက်သူကငါ့ကိုအိမ်ပြန်ပို့ပေးဖို့လုပ်ပေမယ့်ငါ့ဆုံးဖြတ်ချက်ကြောင့်ချင်းမိုင်သို့ရောက်ခဲ့လေသည်။

Winnyရဲ့၀မ်းကွဲအကိုကချင်းမိုင်မှာအရင်ကနေခဲ့တာကြောင့်သူ့အိမ်လေးအားငါတို့နှစ်ယောက်ကိုပေးရန်winnyကအကူညီတောင်းပေးခဲ့သည်။

ငါ့စာသင်နှစ်ကမဆုံးလိုက်ပါဘူး။ကိုယ်၀န်ကလကြီးလာတာမလို့ငါကျောင်းဆက်တက်၍မရပေ။frodကပဲငါ့ကိုစာတွေပြပေးခဲ့ရသည်။

အမျိုးသားကိုယ်၀န်ဆောင်တစ်ယောက်ဖြစ်တဲ့အလျောက်ငါ့ရဲ့အချိန်တွေကခက်ခဲခဲ့တယ်။အမျိုးသမီးအင်္ဂါအဖွဲ့အစည်းနဲ့မတူညီတာကြောင့်ပျက်ကျဖို့ဖြစ်ခဲ့တာ၂ကြိမ်တိတိ။

ငါ့ကလေးလေးကိုလွယ်ထားရတဲ့အချိန်တွေမှာငါအရမ်းနေမကောင်းဖြစ်ခဲ့တာမလို့ငါ့ကလေးလေးရဲ့ကျန်းမာရေးကိုလည်းငါစိတ်ပူမိသည်။

ဒီအခက်ခဲတွေကိုကျော်ဖြတ်ပြီးတဲ့နောက်မှာငါ့အတွက်အစစအရာရာအဆင်ပြေလာခဲ့တယ်။frodက‌ကျောင်းရှိနေတဲ့ကာလအတွင်းပိတ်ရက်တွေရမှသာငါ့စီလာပြီးလိုအပ်တာမှန်သမျှအကုန်လုပ်ပေး၊၀ယ်ပေးသည်။

Winnyကတော့ဘန်ကောက်ကနေသာအိမ်သုံးပစ္စည်းတွေလှမ်းပို့ပေးသည်။ငါ့အချိန်တွေကတန်ဖိုးရှိပါတယ်။ငါသိုးမွှေးထိုးလေ့ကျင့်ခဲ့သလိုဂီတနဲ့ပတ်သတ်ပြီးငါမေ့သွားခဲ့တာမရှိပေ။

Stepbrother (geminifourth ff✅)Where stories live. Discover now