with you

2.8K 146 71
                                    

မင်းနဲ့အတူ..

အေးချမ်းတဲ့နေ့ရက်ကလေးတွေ။အားလပ်ချိန်တွေမှာfourth
ကသိုးမွှေးထိုးလေ့ရှိတယ်။'ကိုယ့်ကလေးလေး'လို့ငါခေါ်တိုင်းရှက်သည်ဟုပြောလာပုံလေးကချစ်စရာ။

ညနေစောင်းနေပြီ။fourthကမီးဖိုသေးသေးလေးမွှေးချင်သည်ဟုပြောတာကြောင့်ငါလုပ်ပေးလိုက်သည်။ကစွန်းဥလေးတွေကိုမီးဖုတ်နေသည့်ပုံကအသဲယားစရာ။

ညနေခင်းတိုင်းနှင်းတဖွဲဖွဲကျနေသည့်ရာသီမှာfourthကဧည့်ခန်းကမီးလင်းဖိုလေးမှာမီးမွှေးလေ့ရှိသည်။နို့ဆန်ပြုတ်ပူပူလေးသို့မဟုတ်အာလူး၊ကန်စွန်းဥလေးများအားမီးဖုတ်လေ့ရှိသည်။

မကြာပါ၇နာရီထိုးသည်နှင့်အိမ်နီးချင်းကလေးတစ်အုပ်ကကိုကိုလှလှလေးဆိုပြီးခြံတံခါးရှေ့လာအော်၏။ငါထွက်ဖွင့်ပေးတော့အိမ်ထဲပြေး၀င်လာတာမှလုံးနေရော။

အိမ်ပုလေးကချစ်စရာကောင်းတဲ့ကောင်လေးနဲ့ကလေးတွေကြောင့်နွေးထွေးလျက်။fourthကန်စွန်းဥလေးအားအခွံ့ခွာကာကလေးတွေကိုကျွေးလေသည်။

ကျောမှီကုလားထိုင်လေးပေါ်ထိုင်ရင်းfourthကပြုံးရီနေ၏။စကားဝိုင်းဖွဲ့ပြီး၅ယောက်လောက်ရှိသည့်ကလေးတွေကညနေတိုင်းfourthစီလာလေ့ရှိသည်။

အစပိုင်းငါရှိတုန်းကသူတို့ကြောက်ပေမယ့်ခုတော့အငယ်ဆုံးလေးတောင်ငါ့ပေါင်ပေါ်မှာထိုင်တတ်နေပြီ။အကိုကဘယ်သူလဲမေးတိုင်း'အကိုလှလှလေးရဲ့ယောင်္ကျား'လို့ဖြေတာကိုအငယ်လေးကသဘောကျ၏။

နှင်းတွေကျကာအေးသည့်ရာသီဥတုမှာfourthရဲ့အိမ်သေးသေးလေးကအမြဲနွေးထွေးလျက်ရှိသည်။မီးပျက်နေသည်ကြောင့်မီးလင်းဖိုကမီးရောင်ကတစ်ခန်းလုံးကိုဖုံးလွှမ်းနေ၏။

ဂီတာလေးတီးကာသီချင်းဆိုပြသည့်fourthအသံကလေးကချိုမြိန်‌လိုက်တာ။ငါ့ကလေးလေးကအရောင်နုလေးတွေအမြဲ၀တ်လို့အသားဖွေးဖွေးလေးကပေါ်လွင်နေသည်။

ကိုယ်၀န်ကြောင့်လားမသိမျက်နှာလေးကအရင်ကထက်ပိုပြည့်လာ၏။လက်သေးသေးလေးတွေကတော့အရင်လိုသွယ်နေတုန်းပေ။

ချစ်ဖို့ကောင်းသည်။ငါတို့ultrasoundအတူသွားရိုက်ဖြစ်သည်။သမီးလေးဖြစ်သည်ဟုအတည်ပြုချက်ရလာတော့ငါ့ပျော်ရွှင်စိတ်တွေကအစိုးမရ။

Stepbrother (geminifourth ff✅)Where stories live. Discover now