I don't like you!(18+)

5.7K 166 16
                                    

သူကကြောက်စရာကောင်းတယ်..

ငါမနက်အိပ်ယာနိုးတော့၆နာရီပဲရှိသေးသည်။ဒီနေ့ကျောင်းဖွင့်ရက်ဖြစ်တာမလို့ဆက်မအိပ်တော့ပေ။အမှန်ဆိုမနေ့ညကတည်းကငါအိပ်မပျော်ခဲ့တာ။

စိတ်လန်းသွားအောင်ရေချိုးလိုက်ပြီးငါကျောင်း၀တ်စုံလေးအား၀တ်လိုက်သည်။ဆံပင်သေချာလုပ်ပြီးလိုးရှင်းလိမ်းကာငါအောက်ထပ်သို့ဆင်းသွားလိုက်သည်။

မနက်စာ စားဝိုင်းမှာဦးလေးhanနဲ့မားကရောက်နှင့်ပြီ။geminiကိုတော့မတွေ့ပေ။ဒါလည်းတစ်မျိုးတစ်ဖုံစိတ်ချမ်းသာရတာပါပဲ။‌မားဖျော်ပေးထားတဲ့လိမ္မော်‌ရည်အားသောက်ရင်းငါမနက်စားအနည်းငယ်သာစားလိုက်သည်။

ငါစားပြီးတဲ့အချိန်geminiကယူနီဖောင်းနှင့်ဆင်းလာလေသည်။

"သွားတော့ဖို့လားသား မနက်စာမစားတော့ဘူးလား"

ငါ့အမေgeminiကိုလှမ်းပြောပေမယ့်သူကတော့ခေါင်းသာခါပြရင်းငါ့အားကြည့်နေ၏။ငါသူ့အားပြန်မကြည့်ရဲပါ။ငါ့အမေကတစ်ခုခုကိုသဘောပေါက်သွားသည့်ပုံ။

"အောင်း သားကfourthကိုကျောင်းခေါ်သွားဖို့စောင့်နေတာလား"

Geminiကခေါင်းငြိမ့်ပြသည်။သူအများအနေတာလားမသိဘူး။ရုတ်တရပ်သူ့ရဲ့ခပ်ရှရှအသံကိုပြန်တွေးမိတဲ့အခါငါကြက်သီးတွေပင်ထသွားသည်။ကျောချမ်းစရာ။ငါ့အမေကသူနဲ့ကျောင်းလိုက်သွားဖို့အတင်းတွန်းနေတာမလို့ငါမလိုက်ချင်လိုက်ချင်နဲ့သွားလိုက်ရသည်။

"ကောင်းကောင်းသွားနော် သားလေး"

ငါအမေ့အားလက်ပြနှုတ်ဆက်ရင်းgeminiရဲ့ကားပေါ်သို့လိုက်သွားလိုက်သည်။ကားထဲမှာလေထုကထင်ထားတာထက်တောင်အေးစက်နေသည်။သူကရုပ်တည်ကြီးနဲ့ကားမောင်းနေတာမလို့ငါလည်းဘာပြောရမလဲရှာမတွေ့ပေ။

ကားရေဒီယိုကလာတဲ့သီချင်းသာနားထောင်ရင်းငါငြိမ်နေမိသည်။မီးပွိုင့်နားရောက်တဲ့အခါgeminiကကားရပ်နေတုန်းငါ့ဖက်ကိုရုတ်တရပ်အုပ်မိုးလိုက်တာမလို့ငါလန့်ကာမျက်လုံးများအားတင်းနေအောင်မှိတ်မိသည်။

ခဏအကြာမှာgeminiကငါ့အားခါးပတ်ကြိုးပတ်ပေးတာမလို့ငါခုမှစိတ်အေးနိုင်တော့တယ်။သူကမဖယ်ပေးပဲငါ့လည်ပင်းနားမှာမျက်နှာအပ်ထားတာမလို့ငါလန့်နေတုန်းပေ။မနက်ကလိမ်းလာတဲ့လိုးရှင်းနံ့ကြောင်းများလား။

Stepbrother (geminifourth ff✅)Where stories live. Discover now