i need you fourth!!

2.4K 140 32
                                    

ငါ့ဆီပြန်လာပါ..

၃ရက်။ချင်းမိုင်မှာငါရောက်နေခဲ့တာ၃ရက်ရှိပြီ။အစကတော့အပန်းဖြေခရီးတစ်ခုဆိုပေမယ့်အခုငါမပြန်ချင်တော့သည့်အကြောင်းအရာတစ်ခုပေါ်လာခဲ့ပြီ။

ငါသိနေတယ်။ငါ့စိတ်တွေကသိနေတယ်။fourthကသေချာပေါက်ချင်းမိုင်မှာရှိနေတယ်။ငါမနက်အစောပိုင်းတွေမှာဈေးတန်းဘက်ကိုခဏခဏသွားခဲ့တယ်။

ရှာမတွေ့ပေမယ့်ငါလက်မလျော့ပါဘူး။ဒီတစ်ခါငါfourthကိုရအောင်ရှာမည်။ထွက်မသွားနိုင်အောင်လည်းဆွဲထားမည်။ချင်းမိုင်ရဲ့နေရာစုံငါရောက်ခဲ့ပေမယ့်ငါ့ကလေးလေးရဲ့အရိပ်လေးကိုတောင်မတွေ့ပေ။

ခွင့်ရက်ရှည်ယူပြီးငါချင်းမိုင်မှာယာယီအိမ်တစ်လုံးငှားလိုက်သည်။ဖုန်းအသစ်ယူလာတာမလို့ငါ့အဖေရဲ့ဖုန်းcallတွေငါ့စီမ၀င်ပါ။စိတ်ဆိုးလည်းဆိုးပါစေ။ကုမ္မဏီထက်အရေးကြီးတဲ့အလုပ်ငါ့မှာရှိသည်။

_________________________

ဒီနေ့လည်းရာသီဥတုကအေးပါသည်။မနက်တိုင်းဖတ်ထုပ်၀ယ်စားနေတာမလို့ရောင်းတဲ့အဖွားတောင်ငါနဲ့အတော်ရင်းနှီးနေလေပြီ။

"ပုံမှန်အတိုင်းပဲလား သားလေး"

ငါခေါင်းငြိမ့်ပြတော့အဖွားကပြုံးလေသည်။အဖွားရဲ့ဖတ်ထုပ်ပူပူလေးကစားကောင်းတယ်ဆိုတာငါမလိမ်ပါ။

"အရင်ကလည်းသားလိုပဲ လာ၀ယ်နေကြကောင်လေးရှိတယ် ခုရက်ပိုင်းတွေမှာအဲ့ကလေးပျောက်နေတာ"

ဟင်!ဒါကငါ့စိတ်ကိုလှုပ်ရှားစေသည်။

"ဟို စိတ်မရှိရင်အဲ့ကောင်လေးရဲ့ပုံသဏ္ဌာန်ကိုပြောပြလို့မရလားဗျ"

အဖွားကတစ်ခုခုကိုစဉ်းစားနေသည်။အဲ့နောက်

"ကောင်လေးကငယ်သေးတဲ့ပုံပဲ၊ပြီးတော့...ကိုယ်၀န်!ဟုတ်တယ်အဲ့ကလေးက ကိုယ်၀န်လွယ်ထားရတာ"

ငါအံဩသွားသည်။ကိုယ်၀န်?ငါဖုန်းထုတ်ကာfourthရဲ့ပုံလေးအားအဖွားကိုပြလိုက်တော့အဖွားက'ဟုတ်တယ် အဲ့ကလေးပဲ'ဟုပြောလာတာကြောင့်ငါပို၍တောင်အံဩသွားသည်။

ဖတ်ထုပ်ဘူးလေးအားယူကာတစ်လမ်းလုံးငါတွေဝေနေမိသည်။ကိုယ်၀န်တဲ့လား။ဘယ်တုန်းကလဲ?fourthကကိုယ်၀န်ရှိနေခဲ့တာလား။ဘယ်သူနဲ့လဲ။

Stepbrother (geminifourth ff✅)Where stories live. Discover now