Pregnant..

1.7K 130 42
                                    

ငါ့ရဲ့ရင်သွေးလေး..

ငါ့မျက်နှာပေါ်ဖြာကျနေတဲ့နေရောင်ခြည်ကြောင့်ငါအင်းအဲဖြင့်နိုးလာသည်။ဒီတစ်နေ့ရဲ့နံနက်ခင်းဟာငါ့ဘ၀မှာရင်အခုန်မိဆုံးပေ။

Geminiကငါ့ရှေ့မှာအိပ်နေခဲ့သည်။သူ့ရဲ့လက်တွေကစောင်ပေါ်ကနေငါ့ခါးလေးအားဖက်ထားသည်။အိပ်နေရင်တောင်ကြည့်ကောင်းသည့်သူ့ကိုငါမနိုးပဲတစိတ်စိတ်ကြည့်နေမိသည်။

"ငါကကြည့်ကောင်းလို့လား.."

နှာတံစင်းလေးအားထိတွေ့ဖို့ကြိုးစားနေသည့်အချိန်gemini
ရဲ့မျက်လုံးတွေကပွင့်လာသည်မလို့ငါလန့်သွားသည်။သူကပြုံးနေတာမလို့ငါရှက်ကာgeminiရင်ခွင်ထဲတိုး၀င်ရင်းမျက်နှာအပ်ထားမိသည်။

Geminiရဲ့ရီသံကခပ်ရှရှကလေး။သူကငါ့ကိုတစ်ကိုယ်လုံးမြုပ်သွားအောင်ဖက်ထားရင်းနဖူးအားခပ်ဖွဖွနမ်းလေသည်။ဒီအပြုအမူကိုငါသဘောကျ၏။

ငါ့ရဲ့မနက်ခင်းလေးကစိုပြေနေလေရဲ့။geminiရဲ့နူးညံ့တဲ့အကြည့်တွေကိုခုထိငါမဆုံရဲသေးပေ။ငါ့ကိုပွေ့ဖတ်ထားတဲ့
geminiရဲ့ရင်ခွင်ထဲမှာငါကြောင်လေးလိုတိုးဝှေ့ကာငြိမ်နေမိသည်။

"Gemini ကျနော့်အပေါ်ဘယ်လိုသဘောထားလဲဟင်.."

"ဘယ်လိုထင်လဲ"

"..."

သူကဆက်မဖြေခဲ့ဘူး။ဒါကငါ့ကိုတွေဝေသွားစေပေမယ့်ဘယ်အကိုကမယားပါသားကိုကြိုက်ချင်မှာလဲ။ငါရင်ခွင်ထဲသာတိုး၀င်ရင်းဖတ်ထားမိသည်။ငါgeminiကိုချစ်တယ်။

____________________________

မေမေပြန်လာပြီ။ငါနဲ့geminiရဲ့ဆက်ဆံရေးကအမည်တပ်လို့မရပေမယ့်အမြဲတမ်းငါတို့တစ်ပူးပူးရှိနေခဲ့တယ်။လက်ကိုင်တာတွေ၊ပွေ့ဖက်တာတွေပုံမှန်ရည်းစားတွေလိုပဲငါတို့ပြုမူကြပေမယ့်ငါတို့ကရည်းစားဆိုတဲ့ဇုန်ထဲမှာမှရှိမနေတာ။

ဒီလိုဆက်ဆံရေးရဲ့တစ်ပတ်ကျော်မှာငါစပြီးနေထိုင်မကောင်းဖြစ်လာတယ်။တစ်ခါတစ်လေငါကစိတ်တိုလွယ်ပြီးတစ်ခါတစ်လေကျလည်းအသေးမွှားလေးကအစငိုနေမိသည်။

ငါဘာမှစားချင်စိတ်လည်းရှိမနေခဲ့သလိုစားတိုင်းလည်းအော့အန်လေသည်။ငါဆေးခန်းတစ်ခါသွားခဲ့ပေမယ့်နေမကောင်းတာမဟုတ်တာကြောင့်သောက်ဆေးအနည်းငယ်ယူပြီးပြန်လာခဲ့ရသည်။

Stepbrother (geminifourth ff✅)Where stories live. Discover now