please.. let me go(18+)

2.8K 151 10
                                    

ကျေးဇူးပြုပြီး..

ငါနာကျင်မှုတစ်ချို့နဲ့အတူမနက်အိပ်ယာနိုးလာတော့ငါ့ဘေးနားမှာgeminiမရှိပေ။မနေ့ညကအကြောင်းတွေကခေါင်းထဲထိုး၀င်လာတာမလို့ငါအိပ်ယာခင်းကိုဆုပ်ကိုင်မိသည်။

ငါ့ခန္ဓာကိုယ်ပေါ်မှာရှိနေတဲ့ခပ်ကြီးကြီးအင်္ကျီဖြူဟာgemini
ရဲ့အင်္ကျီမှန်းငါသိသည်။ရေချိုးခန်းထဲကရေကျသံကြားတာမလို့ငါ့ကိုယ်ပေါ်ကစောင်ကိုဖယ်လိုက်ရင်းနာကျင်နေတဲ့ခါးကိုထိန်းကာငါ့အခန်းထဲသို့အမြန်သွားမိသည်။

အခန်းတံခါးကိုgemini၀င်လာမှာစိုးလို့လော့ချလိုက်ရင်းအရုပ်ကြိုးပျက်သလိုပင်ငါထိုင်ချမိသည်။ငါ့အောက်ပိုင်းကနာကျင်နေတဲ့အပြင်တစ်ကိုယ်လုံးလည်းကိုက်ခဲခံထားရသည်မလို့ငါငုတ်တုတ်လေးသာထိုင်ငိုနေမိသည်။

စိတ်ပျက်စရာကောင်းလိုက်တာ!ဒီနေ့ကကျောင်းပိတ်ရက်မလို့ငါရေနွေးဖြင့်ရေချိုးကာခါးနာသက်သာအောင်ရေနွေးအိတ်လေးဖြင့်ခါးပေါ်တင်ထားကာစောင်ထဲကွေးနေ‌လိုက်သည်။

အပြင်မှာမိုးတွေဖွဲဖွဲလေးရွာရာကနေတစ်ဖြည်းဖြည်းသည်းလာလေသည်။ငါ့တစ်ကိုယ်လုံးကိုက်ခဲနေပြီးအပူချိန်တက်နေတာမလို့ငါဖျားနေမှန်းသိလိုက်သည်။

အောက်ဆင်းပြီးလည်းအစာပြေမစားနိုင်။ငါထတောင်မထချင်တော့ပေ။မိုးအေးနေသည်မလို့ငါအဖျားချိန်ဖြင့်အိပ်ပျော်သွားသည်။

__________________________

ငါနိုးလာတော့ဘယ်နှစ်နာရီရှိပြီလဲမသိပေ။ချွေးတွေချွဲနေသည့်ငါ့အင်္ကျီအားတစ်ယောက်ယောက်ကလဲပေးထား‌သည်။နဖူးပေါ်ကအဖျားကျအောင်ကပ်ပေးထားသည်မလို့ငါဖြည်းဖြည်းလေးသာထထိုင်လိုက်သည်။

ငါ့ကုတင်ဘေးတွင်ထိုင်ကာစာဖတ်နေသည့်geminiကိုမြင်တော့ငါလန့်သွားသည်။လော့ချထားသည့်အခန်းကိုသူဘယ်လို၀င်လာမှန်းလဲမသိပေ။

သူကငါ့ကိုကြည့်လာသည်။အဲ့နောက်ထိုင်ရာကထလာကာငါ့နဖူးပေါ်ကအဖျားကျအောင်ကပ်ထားသည့်ပလာစတာအားခွာပေးလေသည်။ငါသူ့ကိုစကားမပြောရဲပေ။ကြောက်လည်းကြောက်သည်။သူလုပ်ထားလို့ငါ့ခါးကလည်းအခုထိနာတာမသက်သာသေးပေ။

Stepbrother (geminifourth ff✅)Where stories live. Discover now