i think so..

2.1K 165 11
                                    

ငါ့စိတ်ထင်မင်းကိုကြိုက်မိနေပြီ...

ငါ့ရဲ့စိတ်တွေထွေပြားနေပြီ။မနက်နိုးလာတော့ရင်းနှီးနေခဲ့အခန်းကြောင့်ထပ်ပြီးသက်ပြင်းချလိုက်သည်။မနေ့ကကိစ္စကိုငါစခဲ့တာဆိုပေမယ့်လည်းဒါကငါ့ရည်ရွယ်ချက်နဲ့ဖြစ်ခဲ့တာမှမဟုတ်တာ။

ငါတိုးတိုးလေးအခန်းထဲကထွက်ကာငါ့အခန်းငါပြန်လိုက်သည်။မနေ့ကတစ်နေကုန်ဖုန်းမကြည့်မိတာကြောင့်ငါ့ဖုန်းထဲမှာnotiတွေက‌99+ပင်ကျော်နေပြီ။

Line appထဲမှာမေမေကပြန်မလာနိုင်သေးကြောင်းပို့ထားတာကြောင့်ငါသက်ပြင်းထပ်ချမိပြန်ပြီ။အသက်တွေတော့တိုတော့မှာပဲ။ဒီနေ့ငါကျောင်းရှိသည်။နိုးလာတဲ့အချိန်နဲ့ကွက်တိကိုက်တာမလို့ငါရေမြန်မြန်ချိုးလိုက်သည်။

မနက်စာစားဖို့မှီမီမထင်။လွယ်အိတ်အားပိုက်ကာငါပြေးဆင်းလာတော့geminiကအသင့်စောင့်နေသည်။ငါမလိမ်ပါ။သူဒီနေ့တက္ကသိုလ်ယူနီဖောင်းနဲ့ကြည့်ကောင်းနေသလိုပဲ။

ငါချောင်းတစ်ချက်ဟန့်ရင်းဘာမှမဖြစ်သလိုပင်geminiနဲ့အတူကားထဲသို့၀င်ထိုင်လိုက်သည်။ငါတို့ကြားမှာဘာစကားမှရှာမတွေ့ပေ။geminiကလည်းရုပ်တည်ကြီးဖြင့်သာကားမောင်းနေလေ‌ရဲ့။

မီးပွိုင့်နားရောက်တဲ့အခါရုတ်တရပ်geminiကငါ့အားဘူးတစ်ဘူးပေးလေသည်။ငါသူ့ကိုကြောင်တောင်တောင်လေးသာကြည့်မိသည်။

"မနက်စာ မစားရင်အစာအိမ်နာလိမ့်မယ်။ဖတ်ထုပ်ပူတုန်းစားလိုက်"

ငါခေါင်းသာငြိမ့်ပြလိုက်ရင်းgeminiပေးတဲ့ဖတ်ထုပ်ဗူးကိုယူကာတူဖြင့်စားနေမိသည်။သူကငါ့ကိုမသိမသာခိုးကြည့်ပြီးစားတာမြင်မှပြုံးလာတာကြောင့်ငါမှန်ဘက်သို့မျက်နှာမူကာအကြောင်းရေရေရာရာမရှိပဲပြုံးမိပြန်သည်။

အိုးးဒီနေ့ရာသီဥတုကြီးသာယာနေသလိုပဲ!!

____________________________

"ဒီနေ့တက္ကသိုလ်မှာကျောင်းသားဂုဏ်ပြုပွဲရှိလို့ငါနောက်ကျမယ်နော်် ဘယ်ကောင်နဲ့မှလိုက်မသွားနဲ့"

ငါခေါင်းသာငြိမ့်ပြလိုက်သည်။geminiကိုငါမနက်ထဲကစကားတစ်လုံးတောင်မပြောခဲ့ပေ။သူကငါ့ကိုခဏကြည့်ပြီးမှကားဖြင့်ထွက်သွားလေသည်။

Stepbrother (geminifourth ff✅)Where stories live. Discover now