so far away

1.4K 134 16
                                    

မင်းဘယ်မှာလဲfourth...

အဓိပ္ပါယ်မရှိတော့တဲ့ငါ့ရဲ့နေ့ရက်တွေ။အဲ့နေ့ကငါသာfourth
ကိုသွားကြိုခဲ့မိရင်ဒီလိုတွေဖြစ်လာမှာမဟုတ်ဘူး။fourth
ပျောက်သွားခဲ့တာ၁နှစ်ပြည့်တော့မယ်။

'ကျနော်ဒီနေ့နောက်ကျမှာမလို့လာမကြိုနဲ့နော်'ဟူသည့်စကားတစ်ခွန်းလေးနဲ့ပင်fourthဟာအရိပ်တောင်ရှာမတွေ့တော့
သည်ထိပျောက်သွားခဲ့သည်။

fourthရဲ့အမေကသူမှားတာလို့တစ်ဖွဖွပြောရင်းရူးမတတ်ငိုနေလေသည်။ဒါကငါ့ကိုနာကျင်စေတာပဲ။ဘာကြောင့်ပျောက်သွားတာလဲငါမသိဘူး။ငါ့ကိုမချစ်လို့လား?မဖြစ်နိုင်ဘူး။

ငါအခုဆိုဘွဲ့ရပြီးလို့ငါ့အဖေရဲ့လုပ်ငန်းစုကိုပင်ဦးဆောင်နေပြီ။ဘန်ကောက်တစ်ခုလုံးကိုလူအင်အားသုံးပြီးမြေလှန်ရှာပေမယ့်ငါfourthကိုရှာမတွေ့ခဲ့ဘူး။

fourthရဲ့အမေကစိတ်ကျန်းမာရေးကြောင့်အိမ်ထဲမှာသာနေလေသည်။ငါ့အဖေကသူမကိုသိပ်ချစ်သည်။သူကငါ့လက်ထဲကိုမသေခင်ကပင်အမွေတွေပေးထားလေသည်။

fourthမရှိတော့တဲ့နောက်မှာငါတို့အိမ်ရဲ့အငွေ့အသက်တွေကအေးစက်နေခဲ့တယ်။ငါကွန်ဒိုတစ်ခုမှာအခန်း၀ယ်လိုက်ပြီးအဲ့မှာနေဖြစ်တာများပါတယ်။

ငါ့ရဲ့အထီးကျန်တဲ့ဘ၀ကိုတစ်ကြိမ်ပြန်ရောက်ရှိလာပြန်ပြီ။သက်ရှိအရုပ်တစ်ရုပ်လိုမျိုးငါ့ဘ၀ကြီးဟာဒီစက်၀န်းကြီးမှာပဲလည်ပတ်နေခဲ့တယ်။အပြုံးအရီတွေကငါ့နှုတ်ခမ်းတွေနဲ့ဝေးကွာနေပြီ။

တစ်ဖွဲဖွဲရွာနေတဲ့မိုးတွေကိုကြည့်ရင်းတစ်ဦးဆိုင်သူလေးကိုငါသိပ်သတိရမိသည်။မင်းဘယ်မှာလဲ၊အဆင်ရောပြေရဲ့လား၊နေစရာရောရှိရဲ့လား..ငါ့စိတ်ထဲမှာအမြဲစိုးမိုးနေတဲ့အတွေးတွေ။

"Bossဒီနေ့ရှယ်ယာအစည်အဝေးရှိတယ်"

ငါခေါင်းသာငြိမ့်ပြလိုက်သည်။ဆိုဖာခုံရှည်တစ်လုံး။အလုပ်စားပွဲတစ်ခုနှင့်ဘာပစ္စည်းရေရေရာရာမှသိပ်မရှိတဲ့ငါ့ရုံးခန်းကသိပ်ကိုခြောက်ကပ်လွန်းသည်။

ငါကအလုပ်ကြိုးစားတဲ့လူတစ်ယောက်ပါ။အရာရာပြည့်စုံတယ်ထင်ရပေမဲ့'အရာရာ'ဆိုတဲ့ငါ့ဘ၀မှာမရှိမဖြစ်လိုအပ်တဲ့fourthကငါ့အနားမှာမရှိတော့ဘူး။

Stepbrother (geminifourth ff✅)Where stories live. Discover now