Stop it!!(18+)

2.2K 137 19
                                    

ထူးဆန်းတဲ့ခံစားချက်...

ငါထပ်ပြီးနာနာကျင်ကျင်နဲ့နိုးထာလာပြန်ပြီ။ဒါပေမယ့်ထူးဆန်းစွာငါ့တင်ပါးကအနည်းငယ်သက်သာနေလေသည်။
နေရောင်ထိုးနေတဲ့အိပ်ယာခင်းမီးခိုးရောင်ကိုကြည့်ရုံနှင့်ငါgeminiအခန်းထဲမှာပဲရှိနေသေးတာသိလိုက်သည်။

နာရီကိုလှန်းကြည့်လိုက်တော့၈နာရီကျော်နေပြီမလို့ငါလန့်သွားသည်။ဒီနေ့ကျောင်းရှိတယ်။ကုတင်ပေါ်ကကုန်းရုန်းထဖို့လုပ်ပေမဲ့အခန်းထဲ၀င်လာတဲ့geminiကြောင့်ငါ့အပြုအမူတွေရပ်တန့်သွားသည်။

သူကမျက်နှာသေနှင့်သာ။လက်ထဲကဆန်ပြုတ်ပန်းကန်အားကိုင်ကာငါ့ဘေးတွေနေရာယူလိုက်တာကြောင့်ငါအလိုက်တသိနှင့်ပင်ကုတင်ပေါ်ပြန်ထိုင်နေ‌လိုက်သည်။

စကားမပြောချင်ဘူး။ငါgeminiကိုကြောက်တယ်။မုန်းလည်းမုန်းချင်တယ်။သူကငါ့ကိုခွံ့ကျွေးဖို့လုပ်တော့ငါခေါင်းခါမိသည်။geminiကသက်ပြင်းတစ်ချက်ချလိုက်၏။

"Fourth..မင်းမစားရင်ဘာဖြစ်မလဲသိတယ်နော်"

Geminiကငါ့ကိုချိန်းခြောက်နေတယ်ဆိုပေမယ့်သူ့အသံဟာပုံမှန်ထက်ငြင်သာနေသည်။ငါတစ်လုတ်နှစ်လုတ်သာစားပြီးတော်မယ်လုပ်တော့သူကခေါင်ငြိမ့်ပြ၏။ထူးဆန်းတယ်...

"ကျောင်းသွားဖို့စိုးရိမ်မနေနဲ့ ငါမင်းအတွက်ခွင့်ယူပေးထားတယ်"

တော်ပါသေးရဲ့။ငါခုမှပဲစိတ်အေးတော့သည်။အမှန်ဆိုဒီချိန်
geminiအိမ်မှာရှိရမည့်အချိန်မဟုတ်ပေ။ဒါပေမယ့်ငါသူ့ကိုလဲမမေးရဲ။ဦးလေးနဲ့မားကဟန်းနီးမွန်း‌သွားနေသည်မလို့အိမ်မှာငါနဲ့geminiနှစ်ယောက်ထဲသာ။အိမ်အကူတွေလဲဘယ်ရောက်သွားမှန်းငါမသိ။

သက်ပြင်းယဲ့ယဲ့ချလိုက်ရင်းဒီအိမ်ထဲမှာငါနဲ့geminiနှစ်ယောက်ထဲနေရမယ်ဆိုတဲ့အတွေးကငါ့ကိုကျောပင်ချမ်းစေသည်။ငါကုတင်ပေါ်မှာခဏလဲနေလိုက်သည်။တိတ်ဆိတ်နေသည်မလို့တစ်ဖြည်းဖြည်းငါကြောက်လာ၏။

ခုနကအောက်ဆင်းသွားတဲ့geminiကခုတော့ဘယ်ရောက်သွားမှန်းမသိ။ငါအခန်းထဲမှာမနေရဲတော့ပေ။မနက်ပိုင်းကြီးဆိုပေမဲ့လည်းငါကြောက်၏။

Stepbrother (geminifourth ff✅)Where stories live. Discover now